ဂျာမနီတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၍ ကိုးဦးသေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရ

ဂျာမနီတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၍ ကိုးဦးသေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရ

ဘာလင်၊ ဖေဖော်ဝါရီ ၉ ။             ။ ဂျာမနီနိုင်ငံ ဘာဗားရီးယားပြည်နယ်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်၍ လူကိုးဦးသေဆုံးကာ ရာနှင့်ချီကာ ဒဏ်ရာရသည်။

မြူးနစ်မြို့မှ တောင်ဖက် ၆၀ ကီလိုမီတာအကွာရှိ ရေပူစမ်းမြို့တစ်မြို့ဖြစ်သည့် ဘဒ်အက်ဘလင်းမြို့အနီးတွင် ရထားချင်း ခေါင်းဆိုင် တိုက်မိခြင်းဖြစ်သည်။

ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် ရထားနှစ်စင်းလုံး လမ်းချော်ကာ အပျက်အစီးများလည်း ရှိကြောင်း ရထားလမ်းအော်ပရေတာက ပြောသည်။

အပျက်အစီးများကြားမှ လူများကို အရေးပေါ်အဖွဲ့က ရဟတ်ယာဉ်များဖြင့် ရထားတွဲဆိုင်းများကို မတင်ပြီး နာရီများစွာ လုပ်ဆောင်လျက်ရှိနေသည်။

လူကိုးဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်းမှာ ၁၀၀ ဝန်းကျင်ရှိကာ ၅၀ ခန့်က အပြင်းအထန်ဒဏ်ရာရကြောင်း ဌာနဆိုင်ရာရဲတပ်ဖွဲ့က တွစ်တာတွင် ဖော်ပြသည်။

ရထားနှစ်စီးစလုံးမှ မောင်းသူများနှင့် အစောင့်များက သေဆုံးသူများတွင်ပါဝင်ကြောင်း ဒေသရုပ်မြင်သံကြားမှ ရဲဌာနကို ကိုးကားကာ ထုတ်လွှင့်သွားသည်။

"ရထားတိုက်မှုကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုအရဆို အရှိန်နဲ့ ခေါင်းချင်းဆိုင်တိုက်တာပဲဖြစ်ပြီး တကယ့်ကို ဆိုးရွားတဲ့ မတော်တဆမှုပဲဖြစ်ပါတယ်။"ဟု ရဲတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခြင်းဖြစ်ကြောင်း Meridian ရထားကုမ္ပဏီက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required