အင်ဒိုနီးရှားခုနှစ်ဦး အိုင်အက်စ်တို့နှင့် ပူးပေါင်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

အင်ဒိုနီးရှားခုနှစ်ဦး အိုင်အက်စ်တို့နှင့် ပူးပေါင်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ဂျာကာတာ၊ ဖေဖော်ဝါရီ ၉ ။            ။ အင်ဒိုနီးရှားလူမျိုးခုနှစ်ဦးသည် အိုင်အက်စ်၏ အစိတ်အပိုင်းဖြစ်မှု သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းကို အဆင့်မြင့်တင်ပေးမှုတို့ဖြင့် ဖေဖော်ဝါရီ ၉က ထောင်ဒဏ်ချမှတ်ခံရသည်။

အစိုးရရှေ့နေများက ထောင်ဒဏ်ရှစ်နှစ်အထိ ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း သုံးနှစ်မှ ငါးနှစ်အထိသာ ချမှတ်ခဲ့သည်။ တူအာဖက်ဘရီဝန်ဆီယာသည် အင်ဒိုနီးရှားတွင် အိုင်အက်စ်ကို ကြီးထွားလာအောင်လုပ်ဆောင်မှုဖြင့် အများဆုံးထောင်ဒဏ်ငါးနှစ်ကျခံရသည်။ ၎င်းသည် ဆီးရီးယားရှိ အင်ဒိုနီးရှားအိုင်အက်စ်အဖွဲ့ဝင်များအပါအဝင် အိုင်အက်စ်၏ သတင်းများ၊ ဗီဒီယိုများကိုမြင့်တင်ပေးသည့် ဝက်ဆိုက်တစ်ခုဖြစ်သော Al-Mustaqbal.net ကို ပူးတွဲတည်ထောင်သူဖြစ်သည်။

ထို့အပြင် ၎င်းသည် ၂၀၁၃က မြို့တော်တွင် အကြမ်းဖက်အဖွဲ့အစည်း၏ ကြေညာချက်အပါအဝင် အင်ဒိုနီးရှားတွင် အိုင်အက်စ်၏ လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ အသားလုံးကျော်ရောင်းသူ အာမက်ဂျူနယ်ဒီသည် ဆီးရီးယားရှိ အိုင်အက်စ်နှင့် ပူးပေါင်းမှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်သုံးနှစ်ချမှတ်ခံရသည်။

အစိုးရရှေ့နေများက အာမက်အတွက် ထောင်ငါးနှစ်ချရန် တောင်းဆိုခဲ့သော်လည်း အာမက်က နောင်တရကြောင်းပြသနေသည်ဟု ပြောသည်။

နောက်ထပ်အင်ဒိုနီးရှားတစ်ဦးဖြစ်သူ ဟယ်လ်မီမိုဟာမက်သည် ထောင်သုံးနှစ်ခွဲချခံရသည်။ ၎င်းသည် ၂၀၁၄က အိုင်အက်စ်နှင့် ပူးပေါင်းရန် အင်ဒိုနီးရှား ၄၉ဦး ထွက်ခွာရလွယ်ကူစေရန်   ဆောင်ရွက်ပေးခြင်း၊ ရန်ပုံငွေကောက်ပေးခြင်းတို့အတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့သည်။ ဟယ်လ်မီက ဆီးရီးယားတွင် နှစ်ပတ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly