ဟောင်ကောင်တွင် လမ်းဘေးစျေးသည်များနှင့် ရဲများ ထိပ်တိုက်ပဋိပက္ခဖြစ်

ဟောင်ကောင်တွင် လမ်းဘေးစျေးသည်များနှင့် ရဲများ ထိပ်တိုက်ပဋိပက္ခဖြစ်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၉ ။             ။ ဟောင်ကောင်တွင် လမ်းဘေး၌ ခွင့်ပြုချက်မဲ့ အစားအစာရောင်းချသည့် ဆိုင်များအား ရဲက ရှင်းလင်းမှုအတွင်း ထိပ်တိုက်တွေ့ဆုံပဋိပက္ခဖြစ်ပွားသည်။

မောင့်ကော့အရပ် လမ်းဆုံလမ်းခွမှ လမ်းဘေးဈေးသည်များကို ဖေဖော်ဝါရီ ၉ ရက် နံနက် အစောပိုင်းက ဖယ်ရှားရှင်းလင်းရာမှ ပဋိပက္ခများ စတင်ပေါ်ပေါက်ခြင်းဖြစ်သည်။

စိတ်ဆိုးဒေါသထွက်နေကြသည့် ဈေးသည်များက တုတ်များ၊ ကျောက်ခဲများဖြင့် ရဲများကို ပစ်ခတ်ကြပြီး ရဲကလည်း နံပါတ်တုတ်များ၊ ငရုတ်ကောင်းဖျန်းဆေးများဖြင့် ဖြိုခွင်းသည်။

ရဲက နှစ်ကြိမ် သတိပေးပစ်ခတ်မှု သေနစ်ပစ်ဖောက်ကြောင်း၊ ဒဏ်ရာရသူများတွင် ရဲများအပါအဝင် လူပေါင်း ၄၄ ဦး ဒဏ်ရာရကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ထိပ်တိုက်တွေ့မှုတွင် လူအုပ်က ရာပေါင်းများစွာရှိပြီး ဟောင်ကောင်အစိုးရက ယင်းအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချသည်။

"လူအုပ်က ရဲကားနဲ့ ရဲဌာနကို ဖျက်ဆီးကြတယ်။ နောက်ပြီး မီးတင်ရှို့တာတွေလည်း လုပ်တယ်။ ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ပစ်လို့ ရဲတွေလည်း ဒဏ်ရာရကုန်ကြရတယ်။ အခုလို လုပ်နေကြတာက ဒီနေရာမှာ ရှိတဲ့ ပြည်သူတွေနဲ့ ရဲတွေရဲ့ လုံခြုံရေးကို အပြင်းအထန်ထိခိုက်စေတယ်။"ဟု အစိုးရက ပြောသည်။

ပါဝင်သူများအား တရားဥပဒေအရ အရေးယူသွားမည်ဟုလည်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required