တောင်ကိုရီးယားတွင် ဒုံးကျည်ကာကွယ်ရေး စနစ်ဖြန့်ကြက်ရန် အမေရိကန် ကူညီမည်

တောင်ကိုရီးယားတွင် ဒုံးကျည်ကာကွယ်ရေး စနစ်ဖြန့်ကြက်ရန် အမေရိကန် ကူညီမည်

ဆိုးလ်၊ ဖေဖော်ဝါရီ ၉ ။              ။ တောင်ကိုရီးယားနိုင်ငံတွင် ဒုံးကျည်ကာကွယ်ရေး စနစ်ဖြန့်ကြက်သွားရေးအတွက် အမေရိကန်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်တာဝန်ရှိ သူများက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်က မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုအပြီး ခြိမ်းခြောက်မှုများ ကြီးထွားလာခြင်းအတွက် ယင်းသို့ တောင်ကိုရီးယားနိုင်ငံတွင် ဒုံးခွင်းဒုံးစနစ် တပ်ဆင်ပေးထား ရမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူများက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ဂြိုလ်ပတ်လမ်းအတွင်းသို့ ဂြိုလ်တု သို့မဟုတ် အခြားအာကာသပစ္စည်းကို လွှတ်တင်ထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဖေဖော်ဝါရီ ၈ ရက်က ပြောထားသည်။

သို့သော်လည်း ယင်းသို့ ဂြိုလ်ပတ်လမ်းအတွင်းသို့ ဒုံးပျံဖြင့် လွှတ်တင်ခြင်းသည် တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်နိုင်ရေးအတွက် စမ်းသပ်မှုတစ်ရပ်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

မြောက်ကိုရီးယားနိုင်ငံကမူ နိုင်ငံ၏ ငြိမ်းချမ်းသောအာကာသ အစီအစဉ်များမှ အပိုင်းတစ်ရပ်အနေဖြင့် လွှတ်တင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

မြောက်ကိုရီးယားနယ်စပ်အနီး ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် Terminal High Altitude Area Defence System ကို ဖြန့်ကြက်သွားနိုင်ရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့မှ တာဝန်ရှိ သူများ မကြာမီအချိန်အတွင်း တရားဝင်ဆွေးနွေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ပြောထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required