သမ္မတလောင်းအမည်စာရင်း မတ် ၁၇ရက် တင်သွင်းမည်

သမ္မတလောင်းအမည်စာရင်း မတ် ၁၇ရက် တင်သွင်းမည်
ပြည်ထောင်စုလွှတ်တော် ပထမနေ့ (ဖေဖော်ဝါရီ ၈ရက်)တွင် လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို)

နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ၂၀၁၆၊ မတ်လ ၁၇ရက်တွင် စတင်ပြုလုပ်ကြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၈ရက်တွင် ညွှန်ကြားလိုက်သည်။

လွှတ်တော်နှစ်ရပ်နှင့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ထားသည့် စစ်တပ်တို့က သမ္မတလောင်း အမည်စာရင်းကို တင်သွင်းရမည်ဖြစ်ပြီး ယင်းသုံးဦးအနက်မှ မဲပေးရွေးချယ်ကာ သမ္မတသစ်ကို တင်မြောက်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly