ထားဝယ်တွင် နှစ်ရက်အတွင်း သုံးကြိမ်မြောက် မီးလောင်

ထားဝယ်တွင် နှစ်ရက်အတွင်း သုံးကြိမ်မြောက် မီးလောင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက် ထားဝယ်လေယာဉ်ကွင်းအနီး (အိမ်ရှေ့ပြင် ကားဝင်းအနီး) ရှိ လယ်ကွင်းများတွင် ဖေဖော်ဝါရီ ၈ရက် မွန်းလွဲ၁ နာရီခွဲ အချိန်ခန့်က စတင်ပြီး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုမှာ လေပြင်းတိုက်ခတ်ပြီး မီးပိုများခဲ့ပြီး မြို့ နှင့်နီးကပ်သည့်အတွက် ဒေသခံများ စိုးရိမ်ခဲ့ရသည်ဟုလည်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

မီးခိုးများကြောင့် နေ့လည် ၂နာရီတွင် ဆင်းသက်ခဲ့သည့် ATR အမျိုးအစား လေယာဉ်မှာလည်း လေယာဉ်ကွင်းသို့ မဆင်းသက်နိုင်ခဲ့ဟု ဆိုသည်။ 

ဖေဖော်ဝါရီ ၈ရက် နံနက် ၃နာရီကလည်း ထားဝယ်၊ မောင်းမကန် ကမ်းခြေတွင် ဆိုင်ခန်း ၆ခန်း မီးလောင်ကျွမ်းခဲ့ရသည်။ ဖေဖော်ဝါရီ ၇ရက် နေ့လည်ကလည်း ထားဝယ်၊ လောင်းလုံမြို့၊ ကမြောကျေးရွာတွင် မီးလောင်ကျွမ်းကာ နေအိမ် ၁၅လုံး မီးလောင်ကျွမ်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly