နမ့်ဆန် နှင့် လပွတ္တာမီးဘေးအတွက် လွှတ်တော်အမတ်များ၏ နေ့တွက်စရိတ်လှူရန် အရေးကြီးအဆိုတင်

နမ့်ဆန် နှင့် လပွတ္တာမီးဘေးအတွက် လွှတ်တော်အမတ်များ၏ နေ့တွက်စရိတ်လှူရန် အရေးကြီးအဆိုတင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် နှင့် ဧရာဝတီတိုင်း လပွတ္တာ မီးဘေးသင့် ပြည်သူများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ယနေ့ (ဖေဖော်ဝါရီ ၈ရက်) အတွက် နေ့တွက်စရိတ်ကို လှူဒါန်းရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အရေးကြီးအဆို တင်လိုက်သည်။ 

ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံ အတည်ပြုလိုက်သည်။ 

ကိုယ်စားလှယ် တစ်ဦး၏ အသုံးစရိတ်မှာ အထွေထွေအသုံးစရိတ် ငါးထောင်၊ တည်းခိုစရိတ် ငါးထောင် နှင့် စားသောက်စရိတ် တစ်သောင်း၊ စုစုပေါင်း နှစ်သောင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required