ဥရောပမြို့ကြီးများတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်သူများ ဆန္ဒပြ

ဥရောပမြို့ကြီးများတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်သူများ ဆန္ဒပြ

ဒရပ်စဒင်း၊ ဖေဖော်ဝါရီ-၇ ။          ။ ဂျာမနီ၏ အစ္စလာမ်ဆန့်ကျင်ရေး အဖွဲ့ကြီးဖြစ်သည့် ပယ်ဂီဒါ (Pegida)က အလုံးအရင်းနှင့် ရွှေ့ပြောင်းအခြေချမှုများကို ဥရောပကို အစ္စလာမ်ဇာတ်သွင်းနေခြင်းဟု   ခေါ်တွင်ကာ ဥရောပမြို့ကြီးများတွင် ဆန့်ကျင်ဆန္ဒပြပွဲများ ကျင်းပလျှက်ရှိသည်။

အနောက်နိုင်ငံများအား အစ္စလာမ်ဇာတ်သွင်းမှု ဆန့်ကျင်သော မျိုးချစ်ဥရောပသားများဟု အဓိပ္ပာယ်ရသည့် ဂျာမန်စာလုံးအတိုကောက်ဖြစ်သော ပယ်ဂီဒါကို ထောက်ခံသူ ထောင်ပေါင်းများစွာက လှုပ်ရှားမှု၏ ဘူမိနတ်သန်ဖြစ်သည့် ဂျာမနီ၊ ဒရက်စဒင်းတွင် ဆန္ဒပြခဲ့ကြသည်။

ပယ်ဂီဒါထောက်ခံသူ ၂၀၀ခန့်က ဒတ်ချ်မြို့တော် အမ်စတာဒမ်တွင်လည်း ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြရာ အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။ အရေအတွက်သာလွန်သည့် ရဲများက ပယ်ဂီဒါထောက်ခံသူများနှင့် ဆန့်ကျင်သူများအတွင်း ကြားဝင်ခွဲခြားကာ နှစ်ဖက်စလုံးမှ လူအတော်များများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဗြိတိန်၊ ဘာမင်ဂမ်တွင်လည်း ပယ်ဂီဒါက ပထမဆုံးအကြိမ် တရားဝင် ချီတက်ဆန္ဒပြခဲ့ရာ လူအယောက် ၂၀၀ခန့် ပါဝင်ခဲ့သည်ဟု ဆိုသည်။ ယမန်နှစ်က ရွှေ့ပြောင်းအခြေချ တစ်သန်းခွဲ အလုံးအရင်းနှင့် ဝင်လာသည့် အဖြစ်မျိုး ထပ်မဖြစ်သင့်တော့ဟု ဆန္ဒပြပွဲစီစဉ်သူ တော်မီ ရော်ဘင်ဆန်က ပြောကြားခဲ့သည်။  

 “အစ္စလာမ်တွေ ပိုများလာလေ၊ လွတ်လပ်မှုနည်းသွားလေဆိုတာ အဖြစ်မှန်ပဲ။ မနှစ်က မွတ်စလင် ၁သန်းခွဲလောက်ကို ဂျာမနီထဲ ဆွဲခေါ်သင့်တယ်လို့ ကျုပ်တို့ မယုံကြည်ဘူး။ သူတို့ ဘယ်သူတွေဆိုတာ၊ သူတို့ရည်ရွယ်ချက်တွေက ဘာဆိုတာ ကျုပ်တို့ မသိဘူး။ ပြင်သစ်မှာ ဒုက္ခသည်ဆိုတဲ့လူတွေကြောင့် လူ ၁၃၀လောက် အသတ်ခံခဲ့ရပြီ။ ကျုပ်တို့ဟာ ပြဿနာကြီးတစ်ခုနဲ့ ကြုံနေရတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly