ပုသိမ်ကြိုးတံတား နှစ်လက်မခန့် နိမ့်ကျ

ပုသိမ်ကြိုးတံတား နှစ်လက်မခန့် နိမ့်ကျ

ပုသိမ်၊ ဖေဖော်ဝါရီ ၇ ။           ။ ပုသိမ်မြို့၊ ငဝန်မြစ်ကူး ပုသိမ်ကြိုးတံတား ပုသိမ်ဘက်ခြမ်းမှာ ဖေဖော်ဝါရီ ၇ရက်က ၂လက်မခန့် နိမ့်ကျခဲ့ကြောင်းသိရှိရသည်။

"အခု စစ်ဆေးမှုတွေကို လုပ်နေပြီ။ တန်ချိန်များတဲ့ကားတွေကို သွားခွင့်မပြုဘူး။ စစ်ဆေးမှုတွေပြီးမှ သေချာသိရမယ်။ တံတားနိမ့်တာ တခါတလေဖြစ်တတ်ပါတယ်"ဟု တံတားနိမ့်ဆင်းရသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ မေးမြန်းမှုကို ပုသိမ်မြို့၊ လမ်းတံတားဦးစီဌာနမှ မြို့နယ်ဦးစီ ဦးခိုင်ထွန်းဇော်က ရှင်းပြသည်။

ပုသိမ်မြို့၊ ငဝန်မြစ်ကူးကြိုးတံတား နိမ့်ကျမှုကြောင့် ခရီးသည်တင်ကားကြီးများ ဖြတ်သန်းရာတွင်လည်း ကားပေါ်မှ ခရီးသည်များ တံတားအရောက်တွင် တံတားပေါ် လမ်းဆင်းလျောက်ရသည်။ ကုန်တင်ကားများ ဖြတ်သန်းခွင့်ကိုလည်း ယာယီ ရပ်ဆိုင်းထားသည်ဟု သိရသည်။

ကြိုးတံတားအား စမ်းသပ်စစ်ဆေးမှုများအား ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးမှ ပြုလုပ်မည်ဖြစ်သည်။

ပုသိမ်ကြိုးတံတားအား ၂၀၀၄ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်တွင် ဖွင့်လှစ်အသုံးပြုခဲ့ပြီး၊ တံတားအား ၂၀၀၃ခုနှစ် ဇူလိုင် ၃၀ရက်တွင်စတင်ဆောက်လုပ်သည်။ ကြိုးတံတားမှာ ပုသိမ်-ချောင်းသာကားလမ်း၊ ပုသိမ်-ငွေဆောင်ကားလမ်း၊ ပုသိမ်-သာပေါင်းကားလမ်းနှင့် ပုသိမ်-မော်တင်ကားလမ်ပေါ်တွင်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly