၀န်ကြီးချုပ်သက်တမ်းအတွင်း ယင်လပ်၏ ပိုင်ဆိုင်မှုမှာ ဘတ်ငွေ ၃၈သန်းတိုးလာသည်ဟုဆို

၀န်ကြီးချုပ်သက်တမ်းအတွင်း ယင်လပ်၏ ပိုင်ဆိုင်မှုမှာ ဘတ်ငွေ ၃၈သန်းတိုးလာသည်ဟုဆို

ဘန်ကောက်၊ ဇွန်-၂၆ ။      ။ သူမ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ၏ အသားတင် ဓနဥစ္စာပိုင်ဆိုင်မှုမှာ ဘတ်ငွေ ၅၇၉သန်းအထိ ၃၈သန်း တိုးလာခဲ့သည်ဟု ဇွန်၂၆ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။

မစ္စယင်လပ်နှင့် သူမ၏အစိုးရအဖွဲ့ဝင် ဝန်ကြီး၉ယောက်တို့၏ ကြေညာထားသည့် ဓနဥစ္စာနှင့် ငွေကြေးပိုင်ဆိုင်မှု စာရင်းကို နိုင်ငံတော် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည့် စာရင်းမှ ဤသတင်းအချက်အလက် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။  

ဤကြေညာချက်မှာ ယင်လပ်နှင့် သူမ၏အစိုးရအဖွဲ့ ထွက်ခွာပြီး တစ်နှစ်အလွန်အထိ အကြုံးဝင်နေမည်ဖြစ်သည်။ ယမန်နှစ် မေလ ၇က်နေ့က ဖွဲ့စည်းပုံရုံးတော်က ယင်လပ်နှင့် သူမ၏ အစိုးရအဖွဲ့ကို သော်လီ ပလီယင်ဆရီအား ၂၀၁၁ခုနှစ်တွင် နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ မတရားသဖြင့် ပြောင်းရွှေ့ခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

မစ္စယင်လပ်က သူမ၊ သူမ၏ခင်ပွန်း၊ သူမ၏သားတို့တွင် ဘတ်ငွေ ၆၁၂သန်းတန် ဓနဥစ္စာများပိုင်ဆိုင်ထားပြီး၊ ကြွေးက ၃၃သန်းရှိသောကြောင့် အသားတင်ပိုင်ဆိုင်မှု ဘတ်ငွေ ၅၇၉သန်းရှိကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ၂၀၁၁ခုနှစ် သြဂုတ်လထဲ သူမ ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် ယင်လပ်မိသားစု၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ကြေညာထားသည့်ပမာဏအပေါ်တွင် ဘတ်ငွေ ၃၈သန်း တိုးလာခဲ့သည်။
ဒုဝန်ကြီးချုပ်ဟောင်း ပလော့ပရာဆော့ ဆူရာဆွာဒီတွင် ပိုင်ဆိုင်မှု ဘတ်ငွေ ၃၂၃သန်းရှိပြီး၊ ကြွေး ၁.၆သန်းရှိခဲ့သည်။

လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း ယူသာဆတ် ဆာစီပရာမှာ ဘတ်ငွေ ၃၂၃သန်းတန် ဓနဥစ္စာများကို ပိုင်ဆိုင် ထားပြီး ကြွေးကင်းနေသည်။ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဟောင်း အနူဒစ် နာကွန်သပ်မှာမူ ဘတ်ငွေ ၁၄.၈၅သန်းတန် ဓနဥစ္စာများကို ပိုင်ဆိုင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required