အင်ဒိုနီးရှားတွင် အလုပ်သမား ထောင်နှင့်ချီ ဆန္ဒပြ

အင်ဒိုနီးရှားတွင် အလုပ်သမား ထောင်နှင့်ချီ ဆန္ဒပြ

ဂျကာတာ၊ ဖေဖော်ဝါရီ ၆ ။            ။ ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းနေမှုနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းမှုတို့ကြောင့် စီးပွားရေးလုပ်ငန်းများမှ  ဝန်ထမ်းအင်အား လျှော့ချမှုအစီအစဉ်တွင် အလုပ်ပြုတ်သွားများက ဖေဖော်ဝါရီ ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ရာ အနောက်ဂျာဗား အရှေ့ဂျာဗား၊ ဆူမတြာမြောက်ပိုင်းနှင့် ဆူလာဝေစီတောင် ပိုင်းတို့တွင် ဆန္ဒပြမှု များ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Chevron Pacific Indonesia နှင့် Ford Motor Indonesia ကုမ္ပဏီများ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီများကို ပိတ်ပစ်ရန် စီစဉ်ထားပြီး အဆိုပါ နိုင်ငံရှိ Panasonic နှင့် Toshiba ကုမ္ပဏီတို့ကလည်း ပြီးခဲ့သည့် သတင်းပတ်အများအတွင်း ဝန်ထမ်း ၉၀၀ ခန့် လျှော့ချခဲ့သည်။ သို့သော် လျှော့ချခံရသည့် ဝန်ထမ်းအရေအတွက် ၂၀၀၀ ဝန်းကျင်ရှိကြောင်း အလုပ်သမားသမဂ္ဂများက ပြောကြားသည်။

ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို လျှော့ချလျက်ရှိရာ လာမည့်လများတွင် အလုပ်အကိုင်ဆုံးရှုံးနိုင်သူအရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။

လျှော့ချခံရသည့် အလုပ်သမားများအတွက် နစ်နာကြေးပေးရန် အဆိုပါ အဖွဲ့များက လုပ်ငန်းရှင်များနှင့် ညှိနှိုင်းလျက်ရှိကြသည်။ အင်ဒိုနီးရှားတွင် အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအတွက်   လျော်ကြေးမှာ များပြားလျက်ရှိရာ ယင်းအချက်သည် ပြည်ပနိုင်ငံများက လာရောက်စီးပွားရေး မလုပ်ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required