လက်စတာအသင်းချန်ပီယံဖြစ်ရန် ရေပန်းစားနေမှုကို ရေနီယာရီပယ်ချ

လက်စတာအသင်းချန်ပီယံဖြစ်ရန် ရေပန်းစားနေမှုကို ရေနီယာရီပယ်ချ

ဖေဖော်ဝါရီ ၇၊ လက်စတာ။            ။ စနေနေ့တွင် မန်စီးတီးကို အနိုင်ရပြီးနောက် လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည်ဟု ယူဆချက်များကို နည်းပြရေနီယာရီက ပယ်ချလိုက်သည်။

အီတီဟတ်ကွင်းတွင် ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သော လက်စတာအသင်းသည် မန်စီးတီးကိုကျော်ပြီး ဒုတိယနေရာသို့ရောက်လာသည့် စပါး အသင်းကို ငါးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှဦးဆောင်နေသည်။

လက်စတာ၏အနိုင်ကြောင့် လောင်းကစားကုမ္ပဏီများသည် အလေးပေးမှုကိုလျှော့ချခဲ့ရကာ လက်စတာအသင်းသည်လည်း ဗိုလ်စွဲရန် ရေပန်းစားလာခဲ့သည်။

"သူတို့ကို ကျွန်တော်မယုံဘူး။ ကျွန်တော် ပထမဆုံးထုတ်ခံရမယ်လို့ သူတို့ကြေးဖွင့်ခဲ့ဖူးတယ်။ ဒါပေမဲ့သူတို့မှန်ဖို့တော့ ကျွန်တော်မျှော်လင့်ပါ တယ်"ဟု ရေနီယာရီက ပြောသည်။

နွေရာသီတွင် ရေနီယာရီ လက်စတာနည်းပြဖြစ်လာစဉ်က လောင်းကစားကုမ္ပဏီများနှင့် အားကစားသုံးသပ်သူများက လက်စတာတွင် ရေနီ ယာရီအောင်မြင်ရန် အခွင့်လမ်းအနည်းငယ်သာရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly