ထိုင်ဝမ်ငလျင်တွင် တိုက်အပြိုအပျက်အောက် လူတစ်ရာကျော် ပိတ်မိနေ

ထိုင်ဝမ်ငလျင်တွင် တိုက်အပြိုအပျက်အောက် လူတစ်ရာကျော် ပိတ်မိနေ

တိုင်ပေ၊ ဖေဖော်ဝါရီ ၇ ။           ။ ဖေဖော်ဝါရီ ၇ ရက်က လှုပ်ခဲ့သည့် ငလျင်ကြောင့် ထိုင်ဝမ်မြို့ တိုင်နန်းတွင် အဆောက်အအုံတစ်ခု အပြိုအပျက်များအောက်တွင် ပိတ်မိနေသူပေါင်း ၁၃၂ ဦးရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။

၁၇ ထပ်အဆောက်အအုံ အပြိုအပျက်အောက်တွင် ပိတ်မိနေခြင်းဖြစ်သည်။ ယင်းနေ့အစောပိုင်းက ငလျင်လှုပ်မှုကြောင့် သေဆုံးသူပေါင်း ဆယ့်လေးဦးရှိသွားပြီဖြစ်ကြောင်း အတည်ပြုထားသည်။

အပျက်အစီးအောက်မှ အသက်ရှင်လျက် ဆွဲထုတ်နိုင်သူ ၃၅၀ နီးပါးရှိသည်။

ပြင်းအား ၆ ဒသမ ၄ အဆင့် ငလျင်လှုပ်ခြင်းကြောင့် အဆောက်အအုံတစ်ချို့လည်း ပြိုကျခဲ့သည်။

သေဆုံးသူများတွင် မွေးစကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး ဒဏ်ရာရသူ ၅၀၀ နီးပါးရှိရာ ၉၂ ဦးက ဆေးရုံတင်ထားရဆဲဖြစ်သည်။

ယခုပြိုကျသည့် ၁၇ ထပ်အဆောက်အအုံတွင် နေထိုင်သူပေါင်း အနည်းဆုံး ၂၅၆ ဦးရှိပြီး ၂၀၀ ကျော်ကို ကယ်တင်နိုင်ကာ ကျန်လူများက ပိတ်မိနေဆဲဖြစ်သည်။ ကယ်ထုတ်နိုင်သူများတွင် ကလေးငယ်တစ်ဦး၊ မိန်းကလေးတစ်ဦးနှင့် လူကြီးနှစ်ဦးတို့သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကယ်ဆယ်ရေးတွင် စစ်သားရာနှင့်ချီပါဝင်ပြီး နည်းပညာကယ်ဆယ်ရေးပစ္စည်းများနှင့် အနံခံခွေးများဖြင့်ပါ ကယ်ဆယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required