ဂျိုအင်ဆောင်နှင့် လီကွမ်ဆို တို့“ Dear My Friends” ဇာတ်ကား ဇာတ်ညွှန်းဖတ်ပွဲသို့ တတ်ရောက်

ဂျိုအင်ဆောင်နှင့် လီကွမ်ဆို တို့“ Dear My Friends” ဇာတ်ကား ဇာတ်ညွှန်းဖတ်ပွဲသို့ တတ်ရောက်

ဆိုးလ်၊ ဖေဖော်ဝါရီ ၆။           ။ မကြာမီထုတ်လွှင့်ပြသမည့် “ Dear My Firends” ဒရမ်မာ ဇာတ်ကားသစ် ပထမဆုံးအကြိမ် ဇာတ်ညွန်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ဆိုးလ်မြို့ ဆန်ဂမ်ဒေါင်ရှိ CJ E&M စင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း tvN သတင်းဌာနမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဂိုဟွန်ဂျောင်၊ ရှင်ဆောင်ဝူ၊ ကင်ယောင်အို၊ ကင်ဟေးဂျာ၊ နာမွန်ဟီး၊ ဂျိုဟွန်း၊ ပက်ခ်ဝန်ဆွတ်ခ်၊ ဂိုဒိုရှင်၊ ဂျိုအင်ဆာင်နှင့် လီကွမ်ဆို တို့သည်  “ Dear My Firends” ဇာတ်ကား  ပထမဆုံးအကြိမ် ဇာတ်ညွန်း ဖတ်ပွဲသို့ တတ်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျိုအင်ဆောင် နှင့်လီကွမ်ဆိုတို့သည် အဓိကဇာတ်ဆောင်နေရာတွင် ပါဝင်မည် မဟုတ်သော်လည်း ယင်းဒရမ်မာဇာတ်ကားတွင် အထူးဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဂိုဟွန်ဂျောင်နှင့် ဂျိုအင်ဆောင်တို့သည် ယင်းဒရမ်မာ ဇာတ်ကားတွင် အတူပါဝင် ဆောင်ရွက်မှုသည် ၁၁ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် သရုပ်ဆောင်မှု ဖြစ်လာမည် ဖြစ်သည်။

“Dear My Friends” ဇာတ်ကားသည် လူငယ်တို့ရဲ့ ဘဝဇာတ်ကြောင်းကို  ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို နိုဟီကွမ်က ရေးသားထားပြီး ဒါရိုက်တာ ဟောင်ဂျောင်ချန်က ရိုက်ကူးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required