ဆောင်းဟေဂျို (အွန်စော) ဆိုးလ်မြို့ရှိ အမေရိကန်ဒေါ်လာ ရ သန်းကျော်တန် အိမ်ကို ဝယ်ယူ

ဆောင်းဟေဂျို (အွန်စော) ဆိုးလ်မြို့ရှိ အမေရိကန်ဒေါ်လာ ရ သန်းကျော်တန် အိမ်ကို ဝယ်ယူ

ဆိုးလ်၊ ဖေဖော်ဝါရီ ၆ ။            ။ တောင်ကိုရီးယား မင်းသမီး ဆောင်းဟေဂျို (အွန်စော) သည် မကြာသေးမီက ဝမ် ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း) တန်ဖိုးရှိသော အိမ်တစ်လုံးကို ၎င်း၏ မိခင်နာမည်ဖြင့် ဝယ်ယူခဲ့ကြောင်း ဖျော်ဖြေရေးမီဒီယာ  Sports Seoul က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ဆောင်းဟာ  လက်ရှိ သူမနေထိုင်နေတဲ့ ဆမ်ဆောင်ဒေါင်ရှိ နေအိမ်မှ အိမ်အသစ်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်”ဟု မီဒီယာ သတင်းအရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆောင်းသည် လက်ရှိအချိန်တွင်  ဆမ်ဆောင်ဒေါင် ဒေသရှိ Hyundai ရပ်ကွက် နေအိမ်တွင် နေထိုင်နေပြီး ယင်းဒေသတွင် နောက်ထပ်အိမ်တစ်လုံး ဝယ်ယူခဲ့ခြင်းဖြစ်သည်။

“The Beverly Hills of Seoul ” ဟု ခေါ်သော  Hyundai ရပ်ကွက်သည် နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သည့်သူများ အများဆံုံးနေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး နေထိုင်သော သူများ၏ ကိုယ်ရေးကိုယ်တာ အချက်လက်များကို ကာကွယ်ပေးသည့် နေရာတစ်ခုအဖြစ် လူသိများသည်။ ဂျင်ဂျီဟွန်း နှင့် ဂိမ်းကုမ္ပဏီ NCSoft အကြီးအကဲ ကင်ထယ်ဂျင်တို့ အပါအဝင် အခြားသော အနုပညာရှင်များနှင့် ပြည်သူများ နေထိုင်ကြသည်။

ဆောင်းသည် “ Descendants of the Sun” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်နေပြီး ယင်းဇာတ်ကားကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required