ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာ အနားတွင်နေထိုင်သည့် မိသားစုဝင်များကို ရဲခေါ်စစ်

ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာ အနားတွင်နေထိုင်သည့် မိသားစုဝင်များကို ရဲခေါ်စစ်

ပုသိမ်၊ဖေဖော်ဝါရီ ၆ ။           ။ ငပုတောမြို့၊ ကမ်းနီး-ကွင်းချောင်း ကျေးရွာလမ်းပေါ်တွင်ဖြစ်ပွား၊ ဇန်နဝါရီ  ၂၅ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွက် ဖေဖော်ဝါရီ ၄ရက်နေ့တွင် ရဲစခန်းမှခေါ်စစ်ရာတွင် ရိုက်နှိပ်စစ်ဆေးခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများက ပုသိမ်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

အစစ်ခံရသည့် ကွင်းချောင်းရွာမှ အသက်၁၄နှစ်အရွယ်ရှိ စမင်းအေး(ခ)မောင်ဇော်ပိုက်ထွေးက"ကျွန်တော်ကို သိလားဆိုပြီးမေးတော့ မသိဘူးပြောတာကို ဆံပင်ဆွဲရိုက်တယ်၊လက်ကို လက်ထိပ်နောက်ပြန်ခတ်ထားပြီး ကန်တယ်၊ရိုက်တယ် ကန်လို့လဲသွားတော့ ခြေထောက်ကိုရိုက်တယ် တစ်ညခေါ်ထားတယ်၊သူတို့မေးတာမသိလိုကန်ခံရတာ"ဟု "ပြောသည်။

ငပုတောမြို့၊ကမ်းနီး-ကွင်းချောင်း ကျေးရွာလမ်းပေါ်တွင်ဖြစ်ပွား၊ဇန်နဝါရီလ ၂၅ရက်နေ့တွင် ယာဉ်တိုက်မှုကြောင့် လူနှစ်ဦးနေရာတွင် ပွဲချင်ပြီး သေဆုံးခဲ့သည်။

ဒေါ်နန်းနန်းမှ "ကျွန်မရယ်၊သားရယ် ကျွန်မ အမျိုးသားရယ်ကို ရဲတွေက ၄ရက်နေ့က လာခေါ်သွားတယ်၊၅ရက်နေ့မှာ သားနဲ့ကျွန်မ ပြန်ရတယ် အခုထိ ကျွန်မအမျိုးသား ပြန်မလွှတ်သေးဘူး ရိုက်ခံရလားဘာလာလည်းမသိဘူး ကျွန်မတို့လည်း အိမ်ပြန်မနေရဲဘူးကြောက်တယ်"ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ငပုတောမြို့မ စခန်းမှူးကို ဆက်သွယ်မေးမြန်းရာ"အမှုအမှန်ပေါ်ပေါက်ရေးအတွက်လုပ်နေတာပါ"ဟု စခန်းမှူးဒုရဲမှူးမြင့်ဝေ က မေးမြန်းမှုကို ဖြေဆိုသည်။

ရိုက်နှက်ခံရမှုများကြောင့် စမင်းအေး ခြေထောက် ၊လက်ပြင်းတို့တွင်ဖုရောင် ဒဏ်ရာများရခဲ့ကြောင်း ကာယကံရှင်ကပြောသည်။

 "အခုလို ရဲ ရိုက်ပြီးလုပ်တာ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာဖြစ်သလို၊သူတို့လုပ်ပိုင်ခွင့်လည်းမရှိဘူး၊လုပ်လိုမရဘူး ရဲလုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာမျိုးမဟုတ်ဘူး၊ပြည်သူတွေကိုကာကွယ်ရမယ့်သူတွေက ပြည်သူကို အကြောက်တရားပေး သလိုဖြစ်နေတယ်၊သက်ဆိုင်ရာက ထိရောက်စွာအရေးယူသင့်တယ်"ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ပုသိမ်မှ ဥပဒေတာဝန်ခံ ဦးတင်အောင်ထွဋ်က မဇ္ဈိမသို့ ရဲလုပ်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနအသီးသီးကို တိုင်ကြားသွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required