ရှမ်း၊ ရခိုင် လွှတ်တော်ဦးဆောင်မည့်သူများ NLD ချိတ်ပိတ်စာရင်းတွင်မပါ၊ အရေးပေါ်ညွှန်ကြားချက်သီးသန့်ပို့မည်

ရှမ်း၊ ရခိုင် လွှတ်တော်ဦးဆောင်မည့်သူများ NLD ချိတ်ပိတ်စာရင်းတွင်မပါ၊ အရေးပေါ်ညွှန်ကြားချက်သီးသန့်ပို့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆။          ။ပြည်နယ်နှင့် တိုင်းလွှတ်တော်များအတွက် ဦးဆောင်မည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများချိတ်ပိတ်စာရင်းတွင် ရှမ်းနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကို ဦးဆောင်မည့်သူများကိုသတ်မှတ်ပေးခြင်းမရှိကြောင်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များမှ သိရသည်။

"ကျွန်တော်တို့ ရှမ်းနဲ့ ရခိုင်ပဲမပါတာ။ ကျန်တာတွေကအကုန်မှန်ပါတယ်။ ရှမ်းကိုတော့ ၈ရက်နေ့မတိုင်မီ အရေးပေါ် ညွှန်ကြားချက်ထုတ်ပေးမယ်လို့သိရတယ်။ အဲဒီအရေးပေါ်ညွှန်ကြားချက်အပေါ်မှာ အကောင် အထည်ဖော်ရမှာလို့ သိထားရတယ်။" ဟု ရှမ်းပြည်နယ်လွှတ်တော်အတွက် အနိုင်ရရှိထားသူ အမည်မဖော် လိုသည့် ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကိုအတည်ပြုသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နှင့်တိုင်းဒေသကြီးမဲဆန္ဒနယ်များမှ အနိုင်ရကိုယ်စားလှယ်များ အားနေပြည်တော်တွင် ၂ရက်ကြာအုပ်ချုပ်မှုသင်တန်းပို့ချမှုအပြီးတွင် ချိတ်ပိတ်စာရွက်များကို အသီးသီးပေးအပ် လိုက်ခြင်းဖြစ်သည်။

ချိတ်ပိတ်စာရွက်နှင့်ပက်သက်ပြီး ရခိုင်ပြည်နယ် NLD ဥက္ကဋ္ဌ ဦးညီပုက "ကျွန်တော်တို့ချိတ်ပိတ်စာရွက်က ကြည့်ပြီးသွားပြီဆိုပေမယ့်၊ လွှတ်တော်ရေးရာကိစ္စတွေပဲပါပါတယ်။ လွှတ်တော် ဦးဆောင်မယ့်သူတွေမပါ ပေမယ့် ဘာကြောင့်မပါလည်းဆိုတာက ကျွန်တေ်ာတို့အနေ နဲ့ပြောလို့မရပါဘူး။ တစ်ခြားလွှတ်တော်ခေါ်ရမယ့် ကိစ္စတွေအဲဒီလိုပဲပါပါတယ်။" ဟုဆိုသည်။

ယင်းစာရွက်များအား ပြည်နယ်၊ တိုင်းလွှတ်တော်အစည်းအဝေးများမစမီ တစ်ရက်အလိုတွင် အနိုင်ရကိုယ်စား လှယ်များရှေ့မှောက်တွင် ဖွင့်ဖောက်ကြည့်ရန်လည်း မှာကြားခဲ့သည်ဟု အနိုင်ရပြည်နယ်တိုင်း ကိုယ်စားလှယ် များမှသိရသည်။

"ကျွန်တော်တို့တော့မကြည့်ရသေးဘူး။ ဒါပေမယ့်အခုတော့ ပြည်နယ်ဥက္ကဋ္ဌနဲ့အစည်းအဝေးလုပ်မလို့ လုပ်နေတယ်။ ဘာပါလည်းဆိုတာကိုမသိရသေးဘူး။" ဟု သံတွဲမြို့နယ်အမှတ် ၁မဲဆန္ဒနယ်မှ အနိုင်ရ NLD ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းနိုင်က မဇ္ဈိမကိုပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ မန္တလေးတိုင်းပါတီတာဝန်ခံလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌပေးအပ်လိုက်သည့် ချိတ်ပိတ်စာရွက်သည် ပြည်နယ်နှင့်တိုင်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့၏ စာရင်းများသာဖြစ်ပြီး အခြားအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ပေးသည့်အကြောင်းအရာများ မပါရှိကြောင်း မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း အစိုးရဖွဲ့ရေး၊ ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်ရေးနှင့် ပက်သက်ပြီါ် NLD နှင့် ရခိုင်အမျိုးသားပါတီတို့အကြား သဘောထားမတိုက်ဆိုင်မှုများဖြစ်ပေါ်နေပြီး၊ ဆွေးနွေးနိုင်ရေး ကြိုးပမ်း နေသည်။

NLD က ၂၀၀၅ခုနှစ် ရွေးကောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်နေရာများဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့ လွှတ်တော်နေရာများတွင် ရာခိုင်နှုန်း ၈၀ကျော်အနိုင်ရရှိထားသည်။ ပြည်နယ်လွှတ်တော်များတွင် ရှမ်းတွင်၂၃နေရာနှင့်  ရခိုင်တွင် ၈နေရာသာ အနိုင်ရရှိပြီး  အခြားပြည်နယ်၊ တိုင်းလွှတ်တော်များအားလုံးနီးပါး အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်နေရာပေါင်း ၃၃နေရာနေရာရှိပြီး ရှမ်းပြည်နယ်တွင် ၁၁၀ အထိရှိသည်။

အနိုင်ရရှမ်းပြည်နယ်လွှတ်တော်၊ကိုယ်စားလှယ်တစ်ဦးကချိတ်ဖွင့်ကြည့်ရှု့အပြီး အတည်ပြုသည့် ချိတ်ပိတ်စာရွက်ပါပြည်နယ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌများမှာ အောက်ပါအတိုင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly