အရန်ခုံတွင် ထိုင်ရန် အယ်လ်အေဂလက်ဆီသို့ လာခြင်း မဟုတ်ဟု အက်ရှ်လေကိုးလ်ဆို

အရန်ခုံတွင် ထိုင်ရန် အယ်လ်အေဂလက်ဆီသို့ လာခြင်း မဟုတ်ဟု အက်ရှ်လေကိုးလ်ဆို

အမေရိကန်၊ ဖေဖော်ဝါရီ ၆ ။            ။ အယ်လ်အေဂလက်ဆီအသင်း၏ နောက်ခံကစားသမားသစ် အက်ရှ်လေကိုးလ်က အရန်ခုံတွင် ထိုင်နေရန် အမေရိကန်သို့ လာရောက်ခြင်း မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်လက ရိုးမားအသင်းမှ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့လာသည့် အက်ရှ်လေကိုးလ်သည် သောကြာနေ့က အသင်းဖော်များနှင့် ပထမဆုံးလေ့ကျင့်ခန်းစတင်ပြုလုပ်ခဲ့ပြီး ပထမဆုံးအကြိမ် တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကိုးလ်သည် စီးရီးအေကလပ်ရိုးမားအသင်းတွင် ၁၈ လကြာ စိတ်ပျက်ဖွယ်ရာကာလကို ဖြတ်ကျော်ခဲ့ပြီးနောက် အယ်လ်အေဂလက်ဆီသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

ကိုးလ်က 'ကျွန်တော်က ချန်ပီယံတစ်ယောက်ပါ။ အမြဲတမ်းပဲ အနိုင်ရလိုခဲ့ပါတယ်။ ကျွန်တော်ဒီကိုလာတာ အရန်ထိုင်ခုံမှာ အနားယူဖို့ မဟုတ်ပါဘူး။ ဘောလုံးကစားဖို့ လာတာပါ။   ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ။ ကျွန်တော်က သရုပ်ဆောင်တတ်တဲ့ လူမျိုးမဟုတ်သလို သူတကာထက် ပိုမိုကြီးကျယ်တဲ့ လူမျိုးလို့ မာနတက်နေသူလည်း မဟုတ်ပါဘူး' ဟု ပြောဆိုခဲ့သည်။

ကိုးလ်သည် ရိုးမားအသင်းသို့ မပြောင်းရွှေ့မီက မေဂျာလိဂ်အသင်းများ၏ ချဉ်းကပ်မှုကို ခံခဲ့ရသော်လည်း 'အရန်ခုံတွင် အနားယူရန် အဆင်သင့်မဖြစ်သေး' ဟု ပြောဆိုခဲ့ဖူးသူဖြစ်သည်။

ကိုးလ်သည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့တွင် အောင်မြင်ခဲ့သည့် နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရရှိခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် ဂလက်ဆီအသင်းတွင် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းများဖြစ်သော ရော်ဘီကိန်း၊ စတီဗင်ဂျရတ်တို့နှင့်တွဲဖက် ကစားရမည် ဖြစ်ပြီး လမ်းပတ်၊ ဒရော့ဂ်ဘာတို့နှင့် ပြိုင်ဖက်များအဖြစ် ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly