၁၉၅၇ ခုနှစ်ထုတ် ဖယ်ရာရီပြိုင်ကား ဒေါ်လာ ၃၅ ဒသမ ၆ သန်းဖြင့် စံချိန်တင် အရောင်းအဝယ်ဖြစ်

၁၉၅၇ ခုနှစ်ထုတ် ဖယ်ရာရီပြိုင်ကား ဒေါ်လာ ၃၅ ဒသမ ၆ သန်းဖြင့် စံချိန်တင် အရောင်းအဝယ်ဖြစ်

ပါရီ၊ ဖေဖော်ဝါရီ ၆ ။             ။ ၁၉၅၇ ခုနှစ်ထုတ် ပြိုင်ကားတစ်စင်းဖြစ်သော Ferrari 335 Sport Scaglietti ကို ဖေဖော်ဝါရီ ၅က ပါရီတွင် ပြုလုပ်သော လေလံပွဲတစ်ခုတွင် စံချိန်တင်ဈေးနှုန်း ယူရို ၃၂သန်း( အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆ သန်း) ဖြင့် ရောင်းချခဲ့ရသည်။

ထိုခေတ်အခါက အကျော်ကြားဆုံးပြိုင်ကားမောင်သူအချို့သည် ယင်းကားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ယင်းကားကို ထုတ်လုပ်သည့် အီတလီထုတ်လုပ်သူသည် ၁၉၅၇က Constructors' World Champianship ဆုကိုရရှိခဲ့သည်။

ယခင်က စံချိန်မှာ ဖယ်ရာရီ အမျိုးအစားပင်ကားတစ်စင်းပင် ဖြစ်သည့် 250 GTO က ၂၀၁၄က ယူရို ၂၈ဒသမ၅သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Artcurial Motocars လေလံကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ မက်သယူးလာမူရေးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required