ရန်ကုန်အသင်းမှ ဒဏ်ရာရကစားသမားများ ပြန်လည်ကောင်းမွန်ရန် နှစ်ပတ်ခန့် စောင့်ရဦးမည်

ရန်ကုန်အသင်းမှ ဒဏ်ရာရကစားသမားများ ပြန်လည်ကောင်းမွန်ရန် နှစ်ပတ်ခန့် စောင့်ရဦးမည်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)တွင် ရန်ကုန်နှင့် ချင်းတို့အကြိတ်အနယ်ကစားနေစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

ဖေဖော်ဝါရီ ၆ ၊ ရန်ကုန်။            ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှ အဓိကကစားသမားအချို့ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရပြီး ၎င်းကစားသမားများ ပြန်လည် စုံလင်ရန် နှစ်ပတ်ခန့် စောင့်ရဦးမည်ဟု  အသင်းနည်းပြချုပ် မာယန်က ပြောသည်။ ရန်ကုန်အသင်းသည် လက်ရှိတွင် အဓိကကစားသမားများဖြစ်သည့် ကျော်မင်းဦး (ဒူးအရွတ်ဒဏ်ရာ) ၊ ကြည်လင်း (ခြေကျင်းဝတ်ဒဏ်ရာ) ၊ ဇွန်မိုးအောင် (ခြေဖနောင့်ဒဏ်ရာ) ၊ ငြိမ်းချမ်းအောင် (ဒူးအရွတ်ဒဏ်ရာ) တို့ အသီးသီး ဒဏ်ရာရရှိထားပြီး ကျော်မင်းဦးတစ်ဦးတည်းသာ အပေါ့စားလေ့ကျင့်ခန်းပြန်လည် ပြုလုပ်နိုင်သေးသည်။

“အသင်းက ဒဏ်ရာရကစားသမားတွေ အရမ်းများနေတယ်။ အဓိက ကစားသမားတွေဖြစ်တဲ့ ကျော်မင်းဦး၊ ကြည်လင်း၊ ဇွန်မိုးအောင် တို့ ဒဏ်ရာရနေပါတယ် ။ ငြိမ်းချမ်းအောင်ကလည်း ပြန်ကစားနိုင်ဖို့ မလွယ်သေးပါဘူး။ သုံးလလောက်နားရဦးမယ်။ ကျော်မင်းဦးကတော့ အပေါ့စားလေ့ကျင့်ခန်းပြန်လုပ်နေပါပြီ။ ဆရာဝန်နဲ့တော့ ပြန်စစ်ရပါဦးမယ်။ ကြည်လင်းနဲ့ ဇွန်မိုးအောင်ကတော့ နှစ်ပတ်လောက်   စောင့်ကြည့်ရပါဦးမယ်။ ကစားသမားတွေ ပြန်စုံရင်တော့ အသင်းရဲ့ အကောင်းဆုံး ပုံစံကို ပြန်မြင်ရမှာပါ။ အသင်းရဲ့ အဓိကရည်မှန်းချက်ကတော့ ချန်ပီယံဖြစ်ဖို့ ပါပဲ။ ” ဟု မာယန်က ချင်းအသင်းအား ၁-၀ ဖြင့် အနိုင်ရရှိသော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ငါးပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံးရလဒ်ဖြင့် ရမှတ် လေးမှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၇ နေရာအထိရောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required