ဖွဲ့စည်းပုံအခြေခံဥပဒနှင့် ဆန်ကျင့်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေခုနှစ်ခု ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒနှင့် ဆန်ကျင့်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေခုနှစ်ခု ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်အတည်ပြု

နေပြည်တော်၊ဇွန်၂၆ ။ ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဥပဒေ ခုနှစ်ရပ်အားပြင်ဆင် သည့် ဥပဒေကြမ်းခုနှစ်ခု တွင်ဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းအစား ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်း ဆိုသည့် စကားရပ်အား ယနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုဆွေးနွေးလိုက်သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက “ ပြင်ဆင်တဲ့ အပိုဒ်နဲ့မူလအပိုဒ်နဲ့ကွာခြားချက် စကားရပ် တစ်လုံးထဲဖြစ်ပါ တယ်။ အဲဒါကတော့ပါတီဖြစ်ပါတယ်။ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ ရွေးကောက် ပွဲစည်းရုံးရေးဆိုတာ အများကြီးကွာခြားပါတယ်” ဟု  ဆွေးနွေးသည်။

နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းသည် ပါတီအောက်တွင် မဲဆွယ်စည်းရုံးခြင်းကို ပြုလုပ်ဆောင် ရွက်နိုင်သော်လည်း၊ လက်ရှိအစိုးရအဖွဲ့၏ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ မိမိရာထူးသက်တမ်း အတွင်း ရွေးကောက်ပွဲကော် မရှင်က ခွင့်ပြုချိန်တွင် သူ့ဘာသာကြေညာ ထားသည့်ရက်အတွင်းမဲဆွဲစည်းရုံးခွင့်ရှိသည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက “ရာထူးသက်တမ်းအတွင်းမှာတော့ ပါတီလှုပ်ရှား မှုတွေထဲမှာတော့ထဲထဲဝင် ပါဝင်လို့မရပါဘူး။ ပါတီဆိုတဲ့လှုပ်ရှားမှုနဲ့ တိုက်ရိုက်ပတ်သက်ပြီး လှုပ်ရှားလို့ မရတဲ့အတွက် မူလအဟောင်းမှာ ဖော်ပြထားတဲ့ ပါတီရဲ့စကားလုံးဟာ ဖွင့်ပေးထားတဲ့ ဘောင်ကို ကျော် နေတယ်ဆိုတာကို တိတိကျကျတွေ့ရပါတယ် ”ဟု ဆွေးနွေးသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(ခ)ပုဒ်မ ၁၇ ပုဒ်မ(ဃ)၊ ပြည်ထောင်စုရှေ့နေချူပ်ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(ခ) ၊ပြည်ထောင်စုစာရင်းစစ်ချူပ် ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ၇ ပုဒ်မခွဲ(ခ)၊ နေပြည်တော်ကောင်စီ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၉ ပုဒ်မခွဲ(ခ)၊နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးဥပဒေပုဒ်မ ၁၁ စသည့် ဥပဒေများတွင် ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်း ဆိုသည့် စကားရပ် အစား ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း ဟု အစားထိုးအတည်ပြုခဲ့ခြင်းဖြစ်သည်။

တပ်တော်သားလွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်ကန့်ကွက်ခဲ့သည့်အတွက် မဲခွဲ့ဆုံးဖြတ်ခဲ့ သော်လည်း ထောက်ခံမဲများ သည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly