ဇီကာပိုးကြောင့် ကမ္ဘောဒီးယားတွင် လူသုံးဦးသေဆုံး

ဇီကာပိုးကြောင့် ကမ္ဘောဒီးယားတွင် လူသုံးဦးသေဆုံး

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၆ ။             ။ လက်တင်အမေရိကားတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ဇီကာပိုး၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် လူသုံးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အစိုးရကျန်းမာရေးတာဝန်ရှိသူများက အဆိုပါ သုံးဦးသည် ဇီကာပိုးကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ကမ္ဘောဒီးယားအမျိုးသားကျန်းမာရေးဌာန INS က ယင်းလူနာများသည် ဇီကာရောဂါဖြစ်ပြီးနေပြီး ရှားရှားပါးပါးဖြစ်ပွားသည့် Guillanin-Barre ဆိုသည့် အာရုံကစဉ့်ကလျားဖြစ်သည့် ရောဂါလက္ခဏာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယင်းရောဂါလက္ခဏာစုသည် အာရုံကြောစနစ်များကို တိုက်ခိုက်ပြီး အားနည်းခြင်းနှင့် သွပ်ချာပါဒဖြစ်ခြင်းများ ဖြစ်ပွားစေသည့် ရှားပါးရောဂါမျိုးဖြစ်သည်။

"ဇီကာနဲ့ ဆက်စပ်မှုရှိတဲ့ အခြားရောဂါလက္ခဏာစုတွေလည်း တွေ့ရှိရပါတယ်။ ကမ္ဘာအနေနဲ့ ဇီကာပိုးဟာ လူကိုသေစေနိုင်တယ်ဆိုတာ သတိထားရမှာဖြစ်ပါတယ်။ အသေအပျောက်နှုန်း မများပေမယ့်လည်း လူ အသက်ကို ဆုံးရှုံးမှုဖြစ်စေတဲ့ ရောဂါပိုးဆိုတာ သိထားရပါမယ်။"ဟု INS မှ ဒါရိုက်တာဖြစ်သူ ရောဂါဗေဒပညာရှင် Martha Lucia Ospina က ပြောသည်။

Guillanin-Barre ရောဂါလက္ခဏာစုဖြစ်ပွားသည့် လူနာအများစုက ပြန်လည်ထူထောင်လာတတ်သော်လည်း အချို့တွင် သွပ်ချာပါဒဖြစ်ခြင်းသို့မဟုတ် သေဆုံးခြင်းများဖြစ်တတ်သည်။

ဇီကာပိုးသည် မွေးဖွားကလေးများတွင် ပုံမှန်ထက် ဦးခေါင်းနှင့် ဦးနှောက်သို့ သေးငယ်ပြီး မွေးဖွားလာတတ်၍ ဇီကာပိုးဖြစ်ပွားနေသည့် နိုင်ငံများအနေဖြင့် အမျိုးသမီးများကို သန္ဓေတားဝန်ဆောင်မှု များပေးခြင်းနှင့် ကိုယ်ဝန်ဖျက်ချခွင့်တို့ကို ပေးသင့်ကြောင်း ကုလသမဂ္ဂ လူအခွင့်အရေးရုံးက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required