ဒုက္ခသည်များထဲတွင် IS များရှိနေ၊ လျို့ဝှက်သတင်း ၁၀၀ ကျော်ကို ဂျာမန်သူလျိုအေဂျင်စီက ရရှိထား

ဒုက္ခသည်များထဲတွင် IS များရှိနေ၊ လျို့ဝှက်သတင်း ၁၀၀ ကျော်ကို ဂျာမန်သူလျိုအေဂျင်စီက ရရှိထား

ဘာလင်၊ ဖေဖော်ဝါရီ ၅ ။         ။ လောလောဆယ် ဂျာမနီနိုင်ငံတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များထဲတွင် အိုင်အက်စ်တိုက်ခိုက်ရေးသမားများ ရှိနေသည်ဆိုသည့် လျှို့ဝှက်သတင်းပေးပို့မှု ၁၀၀ကျော်ကို ဂျာမနီ၏ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ (BfV) က လက်ခံရရှိထားကြောင်း အေဂျင်စီအကြီးအကဲ၏ ပြောကြားချက်ကို ကိုးကား၍ Berliner Zeitung သတင်းစာက ဖော်ပြခဲ့သည်။

ပြည်တွင်းရေးပေါ်လစီများကို အဓိကအာရုံစိုက်သည့် နိုင်ငံရေးသမားများနှင့် ပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ အစည်းအဝေးတစ်ခုတွင် လျှို့ဝှက်သတင်းပေးပို့မှုကိန်းဂဏန်းကို BfV အကြီးအကဲ ဟန်းစ်ဂျော့မာဆင်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားခြင်းမပြုဘဲ သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လျှို့ဝှက်သတင်းပေးပို့မှုများအနက် အချို့မှာ ယုံကြည်လောက်စရာမရှိဘဲ အမည်ဖျက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု မာဆင်ကဆိုသည်။ ယင်းသတင်းနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် ရိုက်တာက ဆက်သွယ်ခဲ့သော်လည်း ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီက ချက်ခြင်းတုံ့ပြန်ပြောကြားခြင်း မပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required