လီဗာပူးလ်အသင်း၏ပြစ်မှတ် တီဇီရာ တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့

လီဗာပူးလ်အသင်း၏ပြစ်မှတ် တီဇီရာ တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့

တရုတ်၊ ဖေဖောဝါရီ ၅ ။            ။ ဇန်နဝါရီအပြောင်းအရွှေ့ကာလက လီဗာပူးလ်အသင်းခေါ်ယူရန် ပြစ်မှတ်ထားခဲ့သည့် ရှက်တာဒိုးနက်တိုက်စစ်မှူး တီဇီရာကို တရုတ်စူပါလိဂ်ကလပ် ကျန်းစူးစုနင်အသင်းက ခေါ်ယူသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကျော်က ရာမီရက်စ်ကို ခေါ်ယူခဲ့သည့် ကျန်းစူးစုနင်အသင်းသည် ယခု တီဇီရာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။

ရာမီရက်စ်ကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးပေါင် ၂၁ သန်းသည် တရုတ်စူပါလိဂ်၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့သလို အက်သလက်တိုက်စစ်မှူးမာတီနက်ဇ်ကို ကွမ်ကျိုးအသင်းက ပေါင် ၃၂ သန်းဖြင့် ခေါ်ယူမှုသည်လည်း စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့သည်။ ယခု တီဇီရာ၏ ပြောင်းရွှေ့ကြေးမှာ မာတီနက်ဇ်၏ ပြောင်းရွှေ့ကြေးကို ထပ်မံရိုက်ချိုးခဲ့ပြန်သည်။

တီဇီရာကို လီဗာပူးလ်အသင်းက ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ယခု တရုတ်ကလပ်ကျန်းစူးစုနင်က ကြားဖြတ်ခေါ်ယူသွားခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် တီဇီရာကို လာမည့်နွေရာသီအပြောင်းအရွှေ့တွင်မှ ထပ်မံကမ်းလှမ်းရန် စီစဉ်ထားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဘရာဇီးတိုက်စစ်မှူးတီဇီရာသည် ယခုနှစ်ရာသီတွင် ရှက်တာဒိုးနက်အသင်း၌ ၂၅ ပွဲကစားပြီး ၂၆ ဂိုးသွင်းထားသူ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly