တံတားဦးမြို့နယ်တွင် ကမ်းပြိုမှုဒဏ်ကာကွယ်ရန် ရေကာတာဆောက်

တံတားဦးမြို့နယ်တွင် ကမ်းပြိုမှုဒဏ်ကာကွယ်ရန် ရေကာတာဆောက်
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဖေဖော်ဝါရီ ၅ ။          ။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နှစ်စဉ်ကမ်းပြို မှုဒဏ်ကြုံတွေ့နေရသောကျေးရွာများကို ကာကွယ်ရန်လက်ဆောင်ယူကျေးရွာအနီးတွင်  ရေကာတာများ တည်ဆောက်နေကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေလမ်းညွှန်ဌာန(အထက်မြန်မာပြည်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မင်းထွန်း က မဇ္ဈိမ ကိုပြောသည်။

အဆိုပါကမ်းပြိုမှု ကာကွယ်ရေးနှင့် ရေလမ်းကြောင်းကောင်မွန်စေရေးအတွက် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ဆောင်ရွက်နေခဲ့၂၀၁၆ခုနှစ်၊ မတ်လဒုတိယပတ်နောက်ဆုံးထားပြီး   ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်မှကျပ်ငွေ ၅၀ . ၆၃သန်း ချထားပေးခဲ့ကြောင်း ဦးမြတ်မင်းထွန်း ကပြောသည်။

"အခုလုပ်နေတာက ကမ်းပြိုကာကွယ်ရေးအတွက်ဖြစ်သလို ရေလမ်းကြောင်းကောင်းမွန်စေရေးအတွက်လည်းပါတယ်"ဟု ဦးမြတ်မင်းထွန်း ကပြောသည်။

ရေကာတာပြုလုပ်ပြီးစီးသွားပါက နှစ်စဉ်ကမ်းပြိုမှုကြုံတွေ့နေရသည့် လက်ဆောင်ယူကျေးရွာနှင့် မီးသွေးတိုက်ကျေးရွာတို့မှာ ကမ်းပြိုမှုအန္တရာယ်နှင့် ကင်းဝေးသွားမည်ဖြစ်သလို   မြေနုကျွန်းစိုက်ပျိုး   မြေလည်း  ဧက တိုးလာနိုင်သည်ဟု ဦးမြတ်မင်းထွန်းက ဆိုသည်။

လက်ဆောင်ယူကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ်ရှိ ဦးမြင့်သန်းက"ဒီလိုလေးလုပ်ပေးတော့ ရွာသက်ပိုရှည်တာပေါ့မဟုတ်ရင် ကမ်းပြိုလိုဆုတ်ရင်းဆုတ်ရင်းနဲ့ ရွာပျောက်တော့မယ်။ အရင်ကတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ကမ်း မပြိုအောင်လုပ်ရတာပေါ့။ အခုလိုလုပ်ပေးတော့ အဘတို့အနေနဲ့ စိတ်ချမ်းသာတယ် "၎င်းကပြောသည်။

အဆိုပါတည်ဆောက်ရေးတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာတစ်ဦးက ကြီးကြပ်၍ လုပ်သားအင်အား ၃၀ ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required