Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေသွားမည့် ရီဟားနား

Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေသွားမည့် ရီဟားနား

အဆိုတော် ရီဟားနားက လန်ဒန်မြို့ 02 အားကစားကွင်း၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်မည့်  ယခုနှစ် Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

ရီဟားနားသည် ယခုတစ်ကြိမ် ဖျော်ဖြေပါက Birt Awards ဆုပေးပွဲတွင် ဖျော်ဖြေမှုသည် စတုတ္တအကြိမ် ဖြစ်လာမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က နောက်ဆုံး ဖျော်ဖြေခဲ့သည်။

ရီဟားနားသည် ၂၀၀၈ ခုနှစ်က  Birts Awards ဆုပေးပွဲတွင် The Klaxons တေးဂီတအဖွဲ့ နှင့်အတူ “Umbrella” တေးသီချင်းကို သီဆိုကာ ပထမဆုံး ဖျော်ဖြေခဲ့သည်။၂၀၁၁ ခုနှစ်က “Only Girl in The World”၊ “ S&M”  နှင့် “What’s My Name” အပါအဝင် တေးသီချင်းများစွာကို ဖျော်ဖြေခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ရီဟားနားသည် Brit Award ဆုကို နှစ်ကြိမ် ရရှိခဲ့ပြီးသူဖြစ်ပြီး နိုင်ငံတကာ အမျိုးသမီး တစ်ကိုယ်တော် တေးသံရှင်ဆုအတွက် ရွေးချယ်ခံထားရသူ တစ်ဦးဖြစ်သည့် အပြင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်က မွေးရပ်မြေသို့ ဆုနှစ်ဆု ယူဆောင်ပေးခဲ့သည်။

ရီဟားနားသည် ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ အဌမမြောက် တေးအယ်လ်ဘမ် “Anit” ကို  ဂျေဇီး၏ Tidal တေးသီချင်း ဝန်ဆောင်မှုတွင် ထုတ်လွှင့်ခဲ့သည်။ ယင်းတေးသီချင် းအယ်လ်ဘမ်သည် ပရိတ်သတ်များနှင့် ဝေဖန်ရေးသမားများမှ တုံ့ပြန်မှုများကို ရရှိထားပြီး ယခင်ထွက်ရှိထားသော တေးအယ်လ်ဘမ်များနှင့် မတူဘဲ သွေဖယ်မှုများရှိသည့် တေးအယ်လ်ဘမ်တစ်ခုအဖြစ် ရှုမြင်ခံထားရ သည်။

ယခုနှစ် Birt Awards ဆုပေးပွဲတွင် The Weeknd၊ ဗြိတိန်တေးဂီတ အမျိုးသမီး အဆိုတော် အဖွဲ့ Little Mix ၊ ဂျိမ်းဘေ၊ Coldplay ၊ ဂျက်စတင်ဘီဘာနှင့် အဒဲလ်တို့လည်း ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required