Glu Mobile နှင့် ပူပေါင်းကာ မိုဘိုင်းဂိမ်း တီထွင်သွားမည့် တေလာဆွဇ်

Glu Mobile နှင့် ပူပေါင်းကာ မိုဘိုင်းဂိမ်း တီထွင်သွားမည့် တေလာဆွဇ်

ဂရမ်မီဆုရှင် ပေါ့ကြယ်ပွင့် တေလာဆွဇ်သည် စမတ်ဖုန်းများနှင့် tablets များအတွက် ကိုယ်ပိုင် ဂိမ်းတစ်ခုကို တီထွင်ရန် Glu Mobile ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြောကြားသည်။

Glu Mobile ကုမ္ပဏီသည် ဂိမ်းနှင့် စပ်လျဉ်း၍ အသေးစိတ် ပြောကြားခြင်း မရှိသော်လည်း ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ထွက်ရှိရန် မျှော်မှန်းထားသည်။

Glu Mobile ကုမ္ပဏီသည်  အောင်မြင်မှုရရှိခဲ့သော ကင်ကာဒစ်ရှန်ဟောလီးဝုဒ် ဂိမ်းကို တီထွင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပေါ့ကြယ်ပွင့်များဖြစ်သော ကေတီပယ်ရီနှင့် ဘရစ်တနီစပီးယား တို့အတွက်လည်း ဂိမ်းများကို လုပ်ဆောင်ပေးလျက် ရှိသည်။

ကင်ကာဒစ်ရှန်သည် ၎င်း၏ ကင်ကာဒစ်ရှန် ဟောလီးဝုဒ်ဂိမ်းကြောင့် ဝင်ငွေသန်းပေါင်းများစွာ ရရှိခဲ့ခြင်းက ကျော်ကြားသော အနုပညာရှင် ညီအစ်မများကို ကိုယ်ပိုင်လူနေမှုပုံစံ application ကို တည်ထောင်ရန်  လှုံ့ဆော်ပေးခဲ့သည်။

တေလာ၏ဂိမ်းသည် ပရိတ်သတ်များအတွက် တစ်မူထူးခြားသော အတွေ့အကြုံများ ရရှိစေ မည်ဖြစ်ကြောင်း Glu ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။

“တေလာဟာ လူမှုရေးမီဒီယာမှာ follower ၂၂၇ သန်းကျော် ရှိတယ်။ ကျွန်တော်တို့ တေလာကို ကြိုဆိုပါတယ်” ဟု  Glu Mobile ကုမ္ပဏီ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ  နစ်ကိုလိုဒီမာဆီက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

“တေလာနဲ့ သူရဲ့ ပရိတ်သတ်တွေအတွက် အများနဲ့မတူသော မိုဘိုင်းလ်ဂိမ်း အတွေ့အ ကြုံသစ်ကို အခြေခံ လုပ်ဆောင်သွားဖို့ ကျွန်တေ်ာတို့ သဘောပေါက် ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required