ဗလင်စီယာအသင်းမှ ဂယ်ရီနဗီးလ်တောင်းပန်ပြီးနုတ်ထွက်သင့်ဟု ကာနီဇာရက်ပြော

ဗလင်စီယာအသင်းမှ ဂယ်ရီနဗီးလ်တောင်းပန်ပြီးနုတ်ထွက်သင့်ဟု ကာနီဇာရက်ပြော

ဖေဖော်ဝါရီ ၅၊ ဗလင်စီယာ။               ။ ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင်အရှက်တကွဲရှုံးနိမ့်ပြီးနောက် ဂယ်ရီနဗီးလ်အနေဖြင့် တောင်းပန်သင့်ပြီး ဗလင်စီယာနည်းပြအဖြစ်မှလည်းနုတ် ထွက်သင့်သည်ဟု ဂိုးသမားဟောင်း ကာနီဇာရက်က ပြောဆိုလိုက်သည်။

ဗလင်စီယာအသင်းသည် ကိုပါဒယ်ရေးဆီမီးပထမအကျော့တွင် ဘာစီလိုနာအသင်းကို ၇-၀ ဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်သည့် ဂယ်ရီနဗီးလ်က ယင်းရှုံးပွဲမှာ ၎င်း၏အဆိုးဆုံးအတွေ့အကြုံတစ်ခုဖြစ်သည်ဟု ပြောဆိုထားသည်။

ဗလင်စီယာဂိုးသမားဟောင်း ကာနီဇာရက်က "နည်းပြနုတ်ထွက်ဖို့မျှော်လင့်ပါတယ်။ ပြီးတော့ သူတောင်းပန်ဖို့ကိုလည်း မျှော်လင့်တယ်။ ကျွန်တော်ပညာနည်းချင်းနည်းပါလိမ့်မယ်။ ဒါပေမဲ့သူ့မှာလည်းမရှိတာကို အံ့သြပါတယ်။ သူရိုးသားတယ်လို့ ကျွန်တော်ထင်ခဲ့တယ်" ပြောသည်။

ဂယ်ရီနဗီးလ်သည် ဒီဇင်ဘာတွင်နည်းပြအဖြစ်ခန့်အပ်ခံရပြီးကတည်းက လာလီဂါရှစ်ပွဲတွင် နိုင်ပွဲတစ်ပွဲမှရအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိသူ ဖြစ်သည်။

ဘာစီလိုနာကိုရှုံးပြီးနောက် နဗီးလ်အခုထွက်ဟူသည့်စာသားကို ဗလင်စီယာအသင်းတွစ်တာတွင်တွေ့မြင်ရသော်လည်း အားကစားဒါရိုက်တာ ဂါစီယာက နည်းပြအနာဂါတ်အကြောင်းပြောရမည့်နေ့ မဟုတ်သေးဟု ဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly