ကျောင်းသားများက မြို့နယ်ရဲမှူးကို တရားစွဲဆိုရန် လျှောက်ထားမှု ပယ်ချခံရ

ကျောင်းသားများက မြို့နယ်ရဲမှူးကို တရားစွဲဆိုရန် လျှောက်ထားမှု ပယ်ချခံရ

ရန်ကုန်၊ဖေဖော်ဝါရီ ၄ ။           ။ အမျိုးသားပညာရေး ဥပဒေအားကန့်ကွက်ဆန္ဒပြမှုဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားများ၏အမှုတွင် သက်သေထွက်ဆိုသည့် တရားလို ကမာရွတ်မြို့နယ် ရဲမှူးအား ပြန်လည်တရားဆွဲဆိုရန် လျောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးက ပယ်ချလိုက်ကြောင်း သိရသည်။

ပြန်လည်တရားဆွဲဆိုရန် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်မှ ကိုနန္ဒာစစ်အောင်၏ တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးက ကမာရွတ်မြို့နယ်တရားရုံးသို့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် မြို့နယ်တရားသူကြီးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

" ရဲမှူးကို မမှန်သက်သေထွက်ဆိုမှုနဲ့ တရားဆွဲဖို့အတွက်လျောက်ထားတယ်။ ဦးဋ္ဌေးလျောက်တာ။ အဲဒါကို ဒီနေ့ပယ်လိုက်တယ်" ဟု ကျောင်းသားများ၏ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

၂၀၁၅ခုနှစ်နှစ်အတွင်း အမျိုးသား ပညာရေးဥပဒေအား ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် ဗမာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုဂျိမ်း၊ မဖြိုးဖြိုး အောင်၊ မပိုပိုနှင့် ဝန်းရုံပြည်သူ ကိုဝင်းကျော့မှူးတို့အား ကမာရွတ်မြို့နယ် ရဲမှူးဇော်ဝင်းက တရားလိုပြုလုပ်၍ အမှုဖွင့်တရားဆွဲဆိုထားခြင်းဖြစ်သည်။

ရဲမှူးဇော်ဝင်းက သက်သေထွက်ဆိုရာတွင် မမှန်မကန်ဓာတ်ပုံများဖြင့် လိမ် လည်ထွက်ဆိုသည်ဟုဆိုကာကျောင်းသားများက  ပြန်လည်တရားဆွဲဆိုရန် လျောက်ထားခဲ့ခြင်းဖြစ်သည်။

" ဒီဓာတ်ပုံတွေ အားလုံးမှာ ထောက်ခံသပိတ်က ဓာတ်ပုံတွေပါနေတဲ့အတွက် ဒီကိစ္စက ရက်စွဲမှားယွင်းရုံ ကွန် ပျုတာ စာစီစာရိုက်မှားယွင်းရုံ ကိစ္စမဟုတ်ဘူးဗျ။ ဒီဟာနဲ့ ပတ်သက်ပြီး တရားစွဲလို့မရတာ အတွက်တော့ ကျွန် တော့အနေနဲ့ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက ကျွန်တော်တို့အတွက် အရေးကြီး တယ် ဗျ"ဟု ဗကသများအဖွဲ့ချုပ်မှ ကိုနန္ဒာစစ်အောင်ကပြောသည်။

တရာရုံးသို့ သက်သေအဖြစ်တင်ပြခဲ့သည့် ဓာတ်ပုံ ၁၄ ပုံတွင် မှားယွင်းခဲ့သည့် ၇ပုံမှာ သဘောရိုးဖြင့် သာလုပ်ဆောင်ခြင်း ဖြစ်ပြီး မမှန်သက်သေဖန်တီးခြင်း မဟုတ်ကြောင်း ရဲမှူးက ဖေဖော်ဝါရီ ၄ရက်နေ့ က တရားရုံးတွင် ပြန်လည်ချေပခဲ့ကိုတွေ့ရသည်။

အမျိုးသားပညာရေး ဥပဒေအားကန့်ကွက်ဆန္ဒပြမှုဖြင့် အမှုရင်ဆိုင်နေရသည့် ဗကသအဖွဲ့ချုပ်မှ ကိုကျော်ကို၊ ကိုနန္ဒစစ်အောင်၊ကိုမင်းသွေးသစ်၊ကိုဂျိမ်း၊ မဖြိုးဖြိုးအောင်၊ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်း ကျော့မှူးတို့အား ဖေ ဖေါ်ဝါရီ ၄ ရက်နေ့ နေ့လည်ပိုင်းက ကမာရွတ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကိုကျော်ကိုကို၊ ကိုနန္ဒာ စစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ကျောက်တံတား တရားရုံး၌ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required