တပ်မတော်သင်တန်းသား အချင်းချင်းအနိုင်ကျင့်မှု စိစစ်အရေးယူသင့်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးပြော

တပ်မတော်သင်တန်းသား အချင်းချင်းအနိုင်ကျင့်မှု စိစစ်အရေးယူသင့်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးပြော

ရန်ကုန်၊ဖေဖော်ဝါရီ ၄ ။            ။ တပ်မတော်သားသင်တန်းသားအချင်းချင်း အနိုင်ကျင်မှုကို စိစစ်အရေးယူသင့်သည်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

ယင်းဗီဒီယိုဖိုင်တွင်ပါသည့် ပခုံးတံဆိပ်များကြည့်ခြင်းအားဖြင့် ဗိုလ်လောင်းသင်တန်းမဟုတ်ကြောင်း၊အခြားသင်တန်းမှာလည်း ယင်းကဲ့သို့ အစဉ်လာများရှိမရှိကို တပ်မတော်ပိုင်းကစိစစ်ရမည်ဖြစ်ကြောင်း၊ အမေရိကန် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာလည်း brainwash လုပ်ခြင်းမျိုး ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းဖြစ်သည့် ထုပ်တန်းကိုမေ့စေ့ဖြင့် ချီပြီးတွဲလောင်းခိုခိုင်းထားသည်များရှိကြောင်း သို့ရာတွင် ရည်ရွယ်ချက်နှင့် ဦးတည်ချက်က သင်တန်းပြီးဆုံးပါက ထမ်းဆောင်ရမည့် တာဝန်နှင့် လိုက်လျောညီထွေ သည့်လေ့ကျင့်ခန်းကိုပေးရကြောင်း ၎င်းကဆိုသည်။

“ လူတစ်ယောက်ကိုခြေထောက်နဲ့ကန်တဲ့ ဟာက နည်းနည်းတော့ မေးခွန်းထုတ်စရာရှိလာတယ်ပေါ့။ နောက်ကို မျက်နှာကို ထိုးတယ်။ ပါးရိုက်တယ်ဆိုတာတွေက ကျွန်တော်တို့ ဗိုလ်လောင်းတောက်လျှောက် လေ့ကျင့်မှုမှာတော့ မကြုံဖူးဘူး။ ဘယ်လောက်ပဲ စီနီယာကျကျ အောက်က ဂျုနီယာကို ခြေထောက်နဲ့ ကန်တယ်ဆိုတာလဲ ရှားပါးပေါ့။ အဲလိုပြောလို့ရတယ်။ အခုဒီဗွီဒီယို ဖိုင်အရ ပေါ်လာတဲ့ ဇစ်မြစ်ပေါ့။ ဘယ်လောက်အထိ ဘယ်ကနေ ပေါ်လာသလဲဆိုတာ တပ်ကနေ ပြန်စိစစ်သင့်တယ်။ ဒါတပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ ပြန်စိစစ်ပြီး ဖော်ထုတ်သင့်တယ်”ဟု ၎င်းက ပြောသည်။
 
ထိုးကြိတ်ခြင်းကိုတရားဝင် ခွင့်ပြုထားခြင်းမရှိသော်လည်း ယောက်ျားများစုဝေးနေသည့်နေရာဖြစ်သည့်အတွက် ခပ်ကြမ်းကြမ်း ထိုးကြိတ်အပြစ်ပေးသည့် အလေ့အထရှိကြောင်း၊ ကျန်သည့်စစ်ကျောင်းများ အကြောင်းအများကြီးမသိသော်လည်း အတူတူပင်ဖြစ်ဖို့များကြောင်း စစ်ထောက်လှမ်းရေးဟောင်းဖြစ်သည့် အပြင် Myanmar Review ဂျာနယ်၏ အယ်ဒီတာ ဗိုလ်ကြီးဟောင်းရဲမိုးက သူ၏ဖေ့ဘုတ်စာ မျက်နှာတွင် ရေးသားထားသည်။

"ကျွန်တော်တို့ စစ်တက္ကသိုလ်မှာတော့ မျက်နှာကို လုံးဝ မထိုးရ ...ခြေထောက် ဒူး နဲ့ လုံးဝ (လုံးဝ) မကန်ရ မဆဲရေးရ စတဲ့ အစဉ်အလာများ တိတိကျကျ ရှိပါတယ်အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ဟိုပုန်းက တပ်မတော် နည်းပညာ သိပ္ပံ အပတ်စဉ် ၁၂ က အပတ်စဉ် ၁၃ ကို အပြစ်ပေးနေတဲ့ Movie ဖိုင်ဟာ စစ်သားတစ်ယောက် မျက်စိနဲ့ကြည့်ရင်တော့ ...သိပ်ထူးဆန်းတယ်လို့ မမြင်မိပါ သို့သော် အပြစ်ပေးတဲ့ သဘောထက် ကျော်လွန်နေတာလေးတွေတော့ နှစ်ချက်လောက်တွေ့ရပါတယ်ပထမအချက်က ဒူးနဲ့တိုက်တာပါဒါဟာ စစ်သင်တန်းကျောင်းတစ်ခုက Senior - Junior system အနေနဲ့တော့ အပြစ်ပေးတဲ့ စည်းဘောင်ထက်  ကျော်လွန်နေတဲ့ သဘောရှိပါတယ် ဒုတိယအချက်က အပြစ်ပေးနေပုံကို Movie ရိုက်ထားတာပါ ဒါဟာ အပြစ်ပေးတာနဲ့ ဘာမှမပတ်သက် အပြစ်ပေးခံရသူရဲ့ သိက္ခာကိုလဲ ထိခိုက်ကျဆင်းစေပါတယ်" ဟုဗိုလ်ကြီးဟောင်းရဲမိုးက ရေးသားထားသည်။
 
သင်တန်းအချင်းချင်းနိုင်ထက်စီးနင်းပြုလုပ်သည့် ဗီဒီယိုဖိုင်၃ဖိုင်ကို ဖေဖော်ဝါရီ ၃ရက်နေ့က Friends of Moemaka facebook စာမျက်နှာက  နာရီပိုင်ခြားကာ လွှင့်တင်ခဲ့ပြီး like လုပ်သူတစ်သောင်းကျော်နှင့် Share လုပ်သူ ငါးသောင်းကျော်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly