Girls’ Generation အဖွဲ့ဝင် တေယွန် ၎င်း၏ တစ်ကိုယ်တော်တေးသီချင်းသစ် “ Rain” ကို ထုတ်လွှင့်ခဲ့

Girls’ Generation အဖွဲ့ဝင် တေယွန် ၎င်း၏ တစ်ကိုယ်တော်တေးသီချင်းသစ် “ Rain” ကို ထုတ်လွှင့်ခဲ့

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Genertion အဖွဲ့ဝင် တေယွန်သည် ၎င်း၏ တစ်ကိုယ်တော် တေးသီချင်းသစ် “ Rain” ကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါ တေးသီချင်းဗီဒီယိုကို ကိုရီးယားစံတော်ချိန် သန်းခေါင်ယံအချိန် ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ တေယွန်သည် ၎င်း၏ပထမဆုံး တစ်ကိုယ်တော် မီနီတေးအယ်လ်ဘမ် “ I” အောင်မြင်မှု ရရှိခဲ့ပြီးနောက် တေယွန်သည် “Rain” တေးသီချင်းကို လွမ်းဆွတ်ဖွယ် မိုးသည်းထန်စွာ ရွာသွန်းသည့် နေ့ရက်များအတွက် ပြီးပြည့်စုံစေမည့် ဂျတ်ဂီတတေးသီချင်းဖြင့် တွဲဖက်ပံ့ပိုးထား သည်။ တေယွန်၏ အသံသည် ကြည့်လင်ပြသတ်သားနေသည်ကို တွေ့ရသည်။

“ Rain” တေးသီချင်းသည်  SM Entertainment က ဒစ်ဂျစ်တယ် တေးဂီတရုပ်သံလိုင်းသစ် STATION မှ ထုတ်လွှင့်ပေးမည့် ပထမဆုံး အပတ်စဉ် တေးသီချင်း ဖြစ်သည်။

တေးဂီတဗီဒီယိုကို အဖြူအမည်း နှင့် ကာလာဗီဒီယို တစ်လှည့်စီ အလှည့်ကျ ရိုက်ကူးထားပြီး တေယွန်၏ ဘေးပတ်လည်တွင် ရေဖူးဖောင်းများ ထုတ်လွှင့်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly