အာရှယူ-၁၄ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ဗီယက်နမ် ဆုံတွေ့

အာရှယူ-၁၄ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ဗီယက်နမ် ဆုံတွေ့
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်ကစားစဉ်။ (ဓာတ်ပုံ - VFF)

ဇွန် ၂၆၊ ရန်ကုန်။     ။ ၂၀၁၅ ခုနှစ် အာရှ ယူ-၁၄ အမျိုးသမီးဒေသတွင်း ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ(AFC U-14 Girls’ Regional C’ship) ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန် ၂၇ ရက်(ယနေ့)တွင် မြန်မာအမျိုးသမီး ယူ ၁၄ အသင်းမှာ ဗီယက်နမ်အသင်းနှင့် ကစား ရမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၂၅ ရက်က ကစားခဲ့သော အုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် ထိုင်းအသင်းကို ၇-၁ ဂိုးဖြင့်  ရှုံးနိမ့် ခဲ့သော်လည်း အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲတွင် ကမ္ဘောဒီးယားအသင်းကို ၃-၀ ဂိုး၊ ဒုတိယပွဲစဉ်တွင် လာအိုအသင်းကို ၄-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ထိုင်းအသင်း ကို ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးအသင်းသည် သုံးပွဲ ကစား နှစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် ခြောက်မှတ်ရရှိကာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းသည် အုပ်စုပွဲစဉ်များတွင် ဖိလစ် ပိုင်အသင်းကို ၃-၀ ဂိုး၊ မလေးရှားအသင်းကို ၅-၃ ဂိုး၊ စင်ကာပူအသင်းတို့ကို ၆-၁ ဂိုးဖြင့် အနိုင်ရကာ ရှုံးပွဲ မရှိ ရမှတ် ကိုးမှတ် ရကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အုပ်စု (က)တွင် ပထမရရှိသော ထိုင်းအသင်းမှာ အုပ်စု(ခ) အုပ်စု ဒုတိယ မလေးရှားအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများကို ဇွန် ၂၈ ရက်တွင် ကျင်းပ မည်ဖြစ်သည်။

အာရှ ယူ ၁၄ အမျိုးသမီးဒေသတွင်းချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အာဆီယံဇုန်၏ လက်ရှိချန်ပီယံမှာ ထိုင်းအသင်းဖြစ်သည်။

မြန်မာအသင်း သည် ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ ၁၄ အမျိုးသမီးဒေသတွင်းချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် ဗီယက်နမ် အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စတုထ္ထဖြင့်သာ ကျေနပ်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly