တရုတ်ဘောလုံးသမိုင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကွမ်ကျိုးအသင်းသို့ မာတီနက်ဇ် ပြောင်းရွှေ့

တရုတ်ဘောလုံးသမိုင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကွမ်ကျိုးအသင်းသို့ မာတီနက်ဇ် ပြောင်းရွှေ့

ဖေဖော်ဝါရီ ၃ ။             ။ အက်သတက်တီကိုတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် တရုတ်စူပါလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်း(ပေါင် ၃၂ သန်း)ဖြင့် ကွမ်ကျိုးအဲဗားဂရန်ဒီ         အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကမှ အက်သလက်တီကိုအသင်းသို့ ပေါ်တိုမှ ပြောင်းရွှေ့လာသည့် မာတီနက်ဇ်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်နှင့် စပါးတို့က ချဉ်းကပ်ခဲ့ကြသော်လည်း နောက်ဆုံး ကွမ်ကျိုးအသင်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

မာတီနက်ဇ်သည် ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ်၊ ရိုးမားတောင်ပံတိုက်စစ်ကစားသမား ဂါဗင်ဟိုနှင့် အင်တာကွင်းလယ်လူဂွါရင်တို့ ပြီးနောက်တွင် ဥရောပမှ တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့သွားခဲ့သော နာမည်ကြီး ကစားသမားတစ်ဦး ဖြစ်သည်။

မာတီနက်ဇ်၏ ပြောင်းရွှေ့ကြေးသည် ကျန်းစူးစုနင်အသင်းက ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ်ကို ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းကို ဖြတ်ကျော်ပြီး တရုတ်စူပါလိဂ်၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်စူပါလိဂ်၏ ထိပ်တန်းအသင်းနှစ်သင်း၏ ယခုဇန်နဝါရီအသုံးစရိတ်မှာ ယူရိုသန်း ၂၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

မာတီနက်ဇ်သည် ဘရာဇီးနည်းပြ စကိုလာရီ၏လက်အောက်တွင် တောင်အမေရိက ကစားသမားများဖြစ်သည့် ပေါ်လင်ဟို၊ ၊ ကာဗယ်လ်ဟို၊ ရီကာဒိုဂိုလက်တို့နှင့်အတူ တွဲကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required