Hair & Make Up Championship Myanmar 2016 ပြပွဲ နှင့် ပြိုင်ပွဲ ပြုလုပ်မည်

Hair & Make Up Championship Myanmar 2016 ပြပွဲ နှင့် ပြိုင်ပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။           ။ Fancy House (Hair Beauty Nail Spa ) မှ ဆရာမကြီး Agnes Lim ခေါ် Kyin Po မှ ဦးစီး ကျင်းပမည့် Hair & Make Up Championship Myanmar 2016 ပြပွဲ နှင့် ပြိုင်ပွဲကို မေလ ၂၄ရက်တွင် ရန်ကုန်မြို့ Gandamar Whloesale ရှိ Gandamar Grand Ballroom Area၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

Hair & Make Up Championship Myanmar 2016 ပြပွဲ နှင့် ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ Hair & Make Up စိတ်ပါဝင်စားသည့် သူများအတွက် အဓိက ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Fancy House (Hair Beauty Nail Spa) မှ ဆရာမကြီး Agnes Lim ခေါ် Kyin Poမှ "ဒီပွဲကို အဓိကလုပ်ရတဲ့ အကြောင်းရင်းက Hair လောကမှာ အခု ကျွန်မ Asia မှာ ဒိုင်နေရာကို ရနေပြီ။ ဘယ်နေရာမှာ ပြိုင်ပွဲဖြစ်ဖြစ် ကျွန်မကို ဒိုင်အနေနဲ့ ဖိတ်ခေါ်တယ်။

အဲဒီမှာ ကိုယ်က အမှတ်သာပေးနေရတယ် နိုင်ငံတကာက လာပြိုင်တာ အမြဲတွေ့ရတယ်။ ဒါပေမယ့် ကိုယ့် မြန်မာနိုင်ငံက ပါလာတာ တစ်ခါမှမတွေ့ရဘူး။ မတွေ့ရတော့ ဒီလိုပွဲမျိုး မြန်မာနိုင်ငံမှာ လုပ်ပေးသင့်တယ်။ တကယ့် ရွက်ပုံးသီးတွေ ဖေ့ဘုတ်မှာ အများကြီး တွေ့လာရတယ်။ သူတို့ကို လူတွေသိအောင် လုပ်ပေးရမယ်။

ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးကို မြှင့်တင်ပေးရမယ် နောက်တစ်ခုကျတော့ ဇူလိုင် မလေးရှားလုပ်မယ့် ပြိုင်ပွဲကို ခေါ်သွားဖို့ အစီအစဉ်ရှိတယ်။ ဒါ့ကြောင့်မို့ ဒီပြိုင်ပွဲကို ကျင်းပလိုက်တာပါ" ဟု ပြောသည်။

ထို ပြိုင်ပွဲတွင် ခေါင်းစဉ် ၃ခု ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုခေါင်းစဉ် ၃ခု မှာ Young Talent Group (Female Cutting & Coloring Design)၊ Up Styling Group (Long Hair Mannequin's Heads Group) ၊ Creative Design Group Long Hair (Real Model Group) စသည့် ခေါင်းစဉ် ဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် လျှောက်လွှာများ စတင် လက်ခံနေပြီ ဖြစ်ပြီး လျှောက်လွှာကို ကမ္ဘာအေး ဘုရားလမ်းရှိ Fancy House (Hair Beauty Nail Spa) ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Spice Girls(Nail Beauty & Hair Salon)၊ တာမွေမြို့နယ်ရှိ RDC Co.,ltd.(Eushido)၊ မန္တလေးမြို့ရှိ RDC Co.,ltd.(Eushido) နှင့် Thuza (Beauty & Spa) တို့တွင် ရယူနိုင်မည် ဖြစ်သည်။

မနည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး လျှောက်လွှာများကို မတ်လ ၁၅ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ဆန်ကာတင် အယောက် ၁၀၀ ရွေးချယ် သွားမည် ဖြစ်ကာ ထိုဆန်ကာတင် ၁၀၀ ထဲမှ ၁၂ဦး ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်သွားမည် ဖြစ်သည်။

ပထမဆုကို ၁၀သိန်းကျပ် ချီးမြှင့်မည် ဖြစ်ပြီး ပထမဆု ရရှိသူသည် မလေးရှား နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Hair & Make Up ပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ ဒုတိယဆုကို ၇ သိန်းကျပ် ချီးမြှင့်မည် ဖြစ်ပြီး တတိယဆုကို ၅သိန်းကျပ် ချီးမြှင့် သွားမည် ဖြစ်သည်။

Hair & Make Up Championship Myanmar 2016 ပြပွဲ နှင့် ပြိုင်ပွဲတွင် ဒိုင်များအနေဖြင့် နိုင်ငံ ၇နိုင်ငံမှ ဆံပင်ပညာရှင် များမှ အကဲဖြတ်ဒိုင် အဖြစ် ပါဝင် ဆောက်ရွက်သွားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required