ဂွာဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာခြင်းကို မန်ယူနည်းပြ ဗန်ဟားလ်ကြိုဆို

ဂွာဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာခြင်းကို မန်ယူနည်းပြ ဗန်ဟားလ်ကြိုဆို

ဖေဖော်ဝါရီ ၃၊ မန်ချက်စတာ ။              ။ ဂွာဒီယိုလာကို မန်စီးတီးအသင်းက နည်းပြအဖြစ်ခန့်အပ်ခြင်းကို မန်ယူနည်းပြဗန်ဟားလ်က ကြိုဆိုလိုက်သည်။ ဗန်ဟားလ်သည် ဘာစီလိုနာ ကိုနည်းပြခဲ့စဉ်က ဂွာဒီယိုလာကို အသင်းခေါင်းဆောင်ဖြစ်စေခဲ့သည်။

စပိန်လူမျိုးဂွာဒီယိုလာအနေဖြင့် ဆရာဟောင်းအတိုင်း နည်းပြဖြစ်လာခဲ့ပြီး ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့တွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။

ဂွာဒီယိုလာသည် လာမည့်နွေရာသီမှစတင်ကာမန်စီးတီးကိုတာဝန်ယူမည်ဖြစ်သောကြောင့် ပြိုင်ဘက်များဖြစ်လာတော့မည်ဖြစ်သော်လည်း ဂွာဒီယိုလာနှင့်ပြန်ဆုံရမည်ဖြစ်၍ ဝမ်းသာသည်ဟု ဗန်ဟားလ် ကပြောသည်။

"သူက ကျွန်တော့်ရဲ့အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်လို့ အခုလိုပြန်တွေ့ရတော့ ပျော်တယ်။ ပြီးတော့ စပိန်စကားလည်းပြောရ တော့မှာဖြစ်လို့ ကျွန်တော့်ကို ယုံကြည်ချက်တိုးစေဦးမယ်"ဟု ဗန်ဟားလ်က ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly