ဆီနီဂေါတိုက်စစ်မှူး နီရက်ဆီကို အဲဗာတန်အသင်းခေါ်ယူ

ဆီနီဂေါတိုက်စစ်မှူး နီရက်ဆီကို အဲဗာတန်အသင်းခေါ်ယူ

ဖေဖော်ဝါရီ ၂၊ လီဗာပူးလ် ။               ။ အဲဗာတန်အသင်းသည် ရုရှကလပ်လိုကိုမိုးတစ်မော်စကိုအသင်းမှ ဆီနီဂေါတိုက်စစ်မှူး နီရက်ဆီကို ပေါင် ၁၃ ဒသမ ၅ သန်းဖြင့်ခေါ်ယူလိုက်သည်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးသည် ယခုနှစ်တွင်လိုကိုမိုးတစ်အသင်းအတွက် ၂၃ ပွဲကစား ၁၃ ဂိုးသွင်းထားသူဖြစ်ပြီး အဲဗာတန်နှင့် လေးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့သည်။

"ဟိုးအရင်ကတည်းကလိုချင်နေခဲ့တဲ့ နီရက်ဆီကိုရလိုက်လို့ ပျော်ပါတယ်။ သူဟာတောင့်တင်းပြီးသားအသင်းတစ်သင်းစီကို အောင်မြင်မှု ဆာလောင်စိတ်တွေနဲ့ ရောက်လာလိမ့်မယ်"ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောသည်။

အဲဗာတန်အသင်း၏ထိပ်တန်းပစ်မှတ်ကစားသမားမှာ ဒိုင်နမိုကိဗ်မှ ယာမိုလန်ကိုဖြစ်သော်လည်း ယင်းယူကရိန်းတိုက်စစ်မှူးကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။

အဲဗာတန်ကစားသမားများဖြစ်သည့် တိုက်စစ်မှူးနေးစမစ် နောရစ်ချ်သို့ပြောင်းသွားပြီး တောင်ပံကစားသမား မက်ဂီယာဒီ ရှက်ဖီးဝမ့်နက်စ်ဒေးသို့အငှားဖြင့်ပြောင်းသွားပြီးနောက် နီရက်ဆီရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required