အာဆင်နယ်နောက်ခံလူ ဒီဘူချီဘော်ဒိုးသို့ အငှားဖြင့်ပြောင်းရွှေ့

အာဆင်နယ်နောက်ခံလူ ဒီဘူချီဘော်ဒိုးသို့ အငှားဖြင့်ပြောင်းရွှေ့

ဖေဖော်ဝါရီ ၂၊ လန်ဒန် ။              ။ အာဆင်နယ်နောက်ခံလူ ဒီဘူချီသည် ပြင်သစ်လိဂ် - ၁ ကလပ် ဘော်ဒိုးအသင်းသို့ ရာသီကုန်ထိအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားသည်။

ယင်းမှာ ၂၀၁၄ ဇူလိုင်တွင် နယူးကာဆယ်မှ ပေါင် ၁၂ သန်းဖြင့်ပြောင်းလာသည့် ဒီဘူချီကို ပရီးမီးယားလိဂ်ပြိုင်ဘက်မန်ယူအသင်းက ခေါ်ယူနိုင်ခြင်းမရှိစေရန် အာဆင်နယ်အသင်း၏ ကြိုပမ်းမှုတစ်ခုဟုလည်း ယူဆရသည်။

အသက် ၃၀ အရွယ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားသည် ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်းအတွက် ခုနစ်ပွဲသာ ပွဲထွက် ကစားခွင့်ရထားပြီး နိုဝင်ဘာနောက်ပိုင်း ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်သည်။

ညာနောက်ခံကစားသမား ဒီဘူချီအနေဖြင့် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရစေရန်အတွက် ပြင်သစ်သို့ ပြန်ကာ ပွဲကစားခွင့်ရမည့်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly