ဒွန်ဘီယာက မီထရိုဗစ်နှင့် ပီရက်ဇ်တို့ကို ပိုမိုတိုးတက်စေလိမ့်မည်ဟု မက္ကလာရင် ဆို

ဒွန်ဘီယာက မီထရိုဗစ်နှင့် ပီရက်ဇ်တို့ကို ပိုမိုတိုးတက်စေလိမ့်မည်ဟု မက္ကလာရင် ဆို

အင်္ဂလန်၊ ဖေဖော်ဝါရီ ၂ ။             ။ နယူးကာဆယ်နည်းပြမက္ကလာရင်က အသင်းမှ အသစ်ခေါ်ယူလိုက်သည့် တိုက်စစ်မှူး ဒွန်ဘီယာသည် လက်ရှိအသင်းမှ လူငယ်တိုက်စစ် ကစားသမားများဖြစ်သော မီထရိုဗစ်နှင့် ပီရက်ဇ်တို့ကို ပိုမိုတိုးတက်လာစေလိ့မ်မည်ဟု ပြောဆိုလိုက်သည်။

နယူးကာဆယ်အသင်းသည် ဒွန်ဘီယာကို ရိုးမားအသင်းထံမှ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ခဲ့ခြင်း ဖြစ်သည်။ ရိုးမားအသင်းတွင် နှစ်ဂိုးသာသွင်းနိုင်ပြီး ခြေစွမ်းမပြနိုင်သည့် ဒွန်ဘီယာသည် ပထမ ရာသီဝက်က စီအက်စ်ကေအေအသင်းတွင် အငှားသွားရောက်ကစားနေသူလည်း ဖြစ်သည်။ နယူးကာဆယ်အသင်းအနေဖြင့် ၎င်း၏ခြေစွမ်းအပေါ်မူတည်ပြီး အပြီးသတ်ခေါ်ယူရန် ဆုံးဖြတ်မည် ဖြစ်သည်။

'ဒွန်ဘီယာက စီအက်စ်ကေအေနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတောင် ခြေစွမ်းပြကစားနိုင်ခဲ့သူပါ။ အသင်းက လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ မီထရိုဗစ်၊ ပီရက်ဇ်တို့အနေနဲ့ သူနဲ့တွဲကစားရင်း ခြေစွမ်းပိုင်းပိုမို တိုးတက်လာပါလိ့မ်မယ်' ဟု မက္ကလာရင်က ဆိုခဲ့သည်။

အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒွန်ဘီယာသည် အင်္ဂလိပ်ကလပ်အသင်းများနှင့် ချန်ပီယံလိဂ်တွင် ငါးကြိမ်ရင်ဆိုင်ခဲ့ဖူးရာ၌ ခြောက်ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly