ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပေါ်တိုကွင်းလယ်လူ အင်ဘူလာကို စတုခ်စီးတီး ခေါ်ယူ

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပေါ်တိုကွင်းလယ်လူ အင်ဘူလာကို စတုခ်စီးတီး ခေါ်ယူ

အင်္ဂလန်၊ ဖေဖော်ဝါရီ ၂ ။               ။ စတုခ်စီးတီးအသင်းသည် ပေါ်တိုအသင်းမှ ကွင်းလယ်အဖျက်ကစားသမား အင်ဘူလာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၈ ဒသမ ၃ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြင်သစ် ယူ - ၂၁ လက်ရွေးစင် ကစားသမား အင်ဘူလာသည် ရာသီအကြို ခြေစမ်းပွဲစဉ်များကစားစဉ်ကတည်းက စတုခ်နည်းပြ မာ့ခ်ဟုချ်ကို ဆွဲဆာင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အင်ဘူလာ၏ ပြောင်းရွှေ့ကြေးသည် ရှာကွီရီ၏ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းကို ရိုက်ချိုးပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

'အင်ဘူလာက ငယ်ရွယ်ပြီး သန်မာတဲ့ ကစားသမားမျိုးပါ။ ဘောလုံးပို့ပေးတဲ့ နေရာမှာလည်းကောင်းမွန်ပါတယ်။ သူက အသင်းကို ပိုမိုကောင်းမွန်လာအောင် အထောက်အပံ့ပေးပါလိ့မ်မယ်' ဟု စတုခ်စီးတီးနည်းပြ မာ့ခ်ဟုချ်က ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly