ဇီကာဗိုင်းရပ်အန္တရာယ်အား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဇီကာဗိုင်းရပ်အန္တရာယ်အား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂ ။             ။ တောင်အမေရိကတွင် ဆိုးဝါးသည့် မွေးရာပါချွတ်ယွင်းချက်များ တစ်ဟုန်ထိုးမြင့်မားလာခြင်းက ဇီကာဗိုင်းရပ်ကြောင့် လွန်စွာဖြစ်နိုင်သည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၁ တွင် ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်သည်ဟုလည်း ကြေညာခဲ့သည်။

"ကျွန်တော်တို့ အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ"ဟုWHO အကြီးအကဲ မာဂရက်ချန်က ဂျီနီဗာတွင် သတင်းထောက်များကို ပြောသည်။ ကလေးတစ်ဦးသည် ပုံမှန်မဟုတ်ဘဲ မွေးရာပါ ဦးခေါင်းနှင့် ဦးနှောက်သေးငယ်နေသည့်ရောဂါ microcephaly ဖြစ်ပွားမှု မြင့်မားလာခြင်းက ခြင်ကသယ်ဆောင်သည့် ဇီကာဗိုင်းရပ်ကြောင့်ဖြစ်နိုင်ပြီး နိုင်ငံတကာ အဆင့်စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်ကြောင်း WHO ကကြေညာခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ဇီကာဗိုင်းရပ်ကူးစက်ခံရခြင်းနှင့် microcephaly ရောဂါကြား ဆက်စပ်မှုရှိကြောင်း အေဂျင်စီ၏ အရေးပေါ်ကော်မတီပါဝင်သော ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး ကျွမ်းကျင် သူများ၏ အစည်းအဝေးက သဘောတူခဲ့သည်။ သို့သော်လည်း သိပ္ပံနည်းကျသက်သေမပြနိုင်သေးပေ။ "ဒီဆက်စပ်မှုကို ပိုပြီးကောင်းမွန်စွာ စုံစမ်းစစ်ဆေးနားလည်ဖို့ နိုင်ငံတကာက ညိနှိုင်းဆောင်ရွက်ဖို့ အရေးပေါ်လိုအပ်နေတယ်ဆိုတာ အားလုံးက သဘောတူကြပါတယ်"ဟု မာဂရက်ချန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly