နိုင်သူ အကုန်မယူ

နိုင်သူ အကုန်မယူ

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးမှာ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူပြီးတဲ့ နောက်ပိုင်း NLD ဟာ နိုင်သူအကုန်ယူဆိုတဲ့ ဝါဒကို လက်တွေ့ မကျင့်သုံးကြောင်း သက်သေတွေ တစ်ခုပြီးတစ်ခု ပြခဲ့ပါတယ်။ NLD စတင်ထူထောင်စဉ်ကစလို့ အခုချိန်အထိ တကြော်ကြော် တောင်းဆိုခဲ့တဲ့ ဒိုင်ယာ လော့ ဆိုတာကြီးကလည်း ရွေးကောက်ပွဲ အောင်နိုင်ပြီးမှပဲ ခြမ့်ခြိမ့်သဲ ဖြစ်ပေါ်လာပါတော့တယ်။ နဝတ၊ နအဖ တစ်ခေတ်လုံး စစ်အာဏာရှင်တွေဘက်က ပြည်သူကိုတော့ နားလည့်ပါးလှည့် လုပ်လိုက်ဦးမဟဲ့လို့ စဉ်းစားမိတဲ့အချိန်မှာ စစ်ခေါင်းဆောင်တစ်ယောက်ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့ပုံကို သတင်းစာထဲ ထည့်လိုက်တာလောက်က လွဲပြီး ကျန်တာ ဘာမှမထူးပါ။ ပြည်ခိုင်ဖြိုး အစိုးရကာလမှာလည်း ဆိုင်လိုက်တဲ့ အပွင့်တွေဆိုတာ ပြောမနေပါနဲ့၊ ဘာဆိုင်သ လဲမမေးနဲ့။ ဘာအလုပ်မဖြစ်သလဲ မမေးနဲ့ ဘာအလုပ်မှ မဖြစ်ဘူး။

ရွေးကောက်ပွဲ နိုင်အပြီးမတော့ အဲသလို မဟုတ်တော့ဘူး။ မြေးတော်လေးနဲ့ စပြီး ဒိုင်လိုက်တာ တစ်ခါတည်း တွေ့လမ်း၊ ဆုံလမ်းတွေကို ပွင့်သွားတော့တာပဲ။ မြေးတော်လေးနဲ့ ဒိုင်ပြီးတဲ့အခါ ဘိုးတော်ဘုရားနဲ့ ယာရလော့ ရတော့တာပေါ့။ သမ္မတနဲ့၊ ကာချုပ်နဲ့တွေ့၊ အဆင့်လိုက် အဆင့်လိုက် အဆင့်တူသူချင်းလည်း တွေ့ကြတော့တာ ဒိုင်ယာလော့ ပွဲတော်ကြီးလိုပါပဲ။ NLD အဆင့်မြင့် ပါတီဝင်တွေနဲ့ တပ်မတော် အရာရှိတွေနဲ့ဆို တစ်ပါတ်ကို နှစ်ကြိမ်၊ သုံးကြိမ်တောင် တွေ့ဆုံနေကြတယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဆိုပါတယ်။ ဒါကို သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးက  "ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုတာ အပြန်အလှန် နားလည်မှုပေါ်မှာ မူတည်တယ်။ ဒါကြောင့် ကြားခံလူမပါဘဲ တိုက်ရိုက်ပြောဆို ဆွေးနွေးတာမျိုး လုပ်ဖို့ လိုပါတယ်" လို့ ပြောပါတယ်။ လိုတာက လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းက လိုတာပါ။ အခုမှပဲ ပြောဖော်ရပါတော့တယ်။ ဆေးဖော်ကြောဖက် လုပ်ပါတော့တယ်။

NLD ဘက်က အနည်းဆုံး ပြည်ခိုင်ဖြိုးတစ်ယောက်ကို အစိုးရအဖွဲ့သစ်ထဲ ထည့်သွင်း၊ ဖွဲ့စည်း မယ်လို့ဆိုကြောင်း ရိုက်တာကပဲ သိရပါတယ်။ ဒါကို ဦးဇော်ဌေးက ဒါကောင်းတာပေါ့ဗျာ၊ NLD ဟာ အနိုင်ရသူပါ၊ ဒါပေမဲ့ သူတို့က အကုန်သိမ်းကျုံးယူတာမျိုး မလုပ်ဘူးဆိုတော့ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေးအတွေက် အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတစ်ခုပေါ့လို့ ပြောပါတယ်။ နိုင်ပေမယ့် အကုန်မယူဘူးနော်။ သဘောထားကြီးတယ်။ တစ်ဘက်သားကို ငဲ့ညှာတယ်။ ဒါဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အပေါင်းလက္ခဏာဆိုပဲ။ ပြောမယ့်သာပြောရ၊ အကုန်ယူချင်လို့လဲ ဘယ်ရမလဲနော့။ လွှတ်တော်ထဲက တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ကာလုံ အဖွဲ့ကြီး၊ တရားဝင် အာဏာလွှဲပြောင်း ရယူခွင့် စတာတွေကို ဘယ်လိုလုပ် အကုန်သွားယူမလဲ။ ခုနောက်ပိုင်း ပိုတောင် အကဲဆတ်လာသေး၊ (Daily Eleven ထဲပါတဲ့ ဆရာကာလူရဲ့ ကာတွန်း လေးကိုတောင် သတိရမိတယ်။ ခေါင်းပေါင်းနဲ့ ပုဂ္ဂိုလ်နှစ်ဦး ထိုင်နေရင်း တွေးနေတဲ့ ပုံပါ။ အတွေးတွေ က ကဲကဲဆတ်၊ အထိမခံရွှေပန်းကန်၊ ဆတ်ဆတ်ထိမခံ......သတိ၊ သတိ၊ သတိ၊ သတိ တဲ့) ထားပါ။ နိုင်သူက ကိုယ် အကုန်မရလို့ အကုန်မယူရတာကို သဘောပေါက်ဖို့ လိုပါတယ်။ နောက်ပြီး ကိုယ်ရ ထားတာဟာ ပြည်သူရထားတာဖြစ်တယ်ဆိုတာလည်း ရှင်းဖို့လိုပါတယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားတာ မဟုတ်လား။ ကိုယ်ရတဲ့ အထဲက ပြန်ပြီး အလွန်အကျွံ ခွဲဝေမပေးမိဖို့လည်း အရေးကြီးတယ်။ အပေးအယူ လုပ်ရတယ်ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ တကယ့်ကို သူမနာ၊ ကိုယ်မနာဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်ကို တစ်ဖက်က အလွန်အကျွံ မလွှမ်းမိုးဖို့လဲ အရေးကြီးပါတယ်။ အလွန်အကျွံ လွှမ်းမိုးထားတယ်ဆိုရင် အပေးအယူ မဟုတ်တော့ဘူး။ အနိုင်ကျင့်တာပဲ ဖြစ်မှာပါ။ ကိုယ်က အပေးအယူလုပ်နေတာလား၊ အနိုင်ကျင့်ခံနေရတာလားဆိုတာ သိဖို့ အရေးကြီးဆုံးပါပဲ။ ထားပါတော့။

မောင်မှန် အတည်ပေါက်တွေ လွှတ်တာ များသွားတယ်၊ ခွင့်လွှတ်တော်မူကြပါ။ ခံစားချက်တွေ များသွားလို့ ဖြစ်ရတာပါ။ နိုင်သူ အကုန်မယူတဲ့အပြင် ပြန်ပေးတာ နည်းနည်းများ များနေသလားလို့ပါ။ ပြီးခဲ့တဲ့ ရက်တွေက NLD ရဲ့ ပြောရေးဆိုခွင့်ကိစ္စတွေ ကွိစိကွစိဖြစ်အပြီးမှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေစာရင်း၊ တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဒါလည်း လူပြောများစရာ ဖြစ်ခဲ့တာပါပဲ။ ပြည်သူ့လွှတ် တော် ဒု-ဥက္ကဋ္ဌအဖြစ် NLD ရွေးချယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးက ဦးတီခွန်မြတ်ဟာ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး သတင်းတွေ ဆူဆူညံညံနဲ့ ပူလူပံျခဲ့ပါတယ် ခင်ဗျာ။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ သျှမ်းသံတော်ဆင့် သတင်းဌာနက "မူးယစ်ရာဇာအ သစ်များ USDP လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ" ဆိုပြီး သတင်းဖော်ပြခဲ့တဲ့၊ အဲဒီ့သတင်းမှာမူ ယစ်ရာဇာ အဖြစ် ထင်ရှားသူများစာရင်းမှာ ဦးတီခွန်မြတ် အမည်ပါ ပါတယ်။ တစ်ခါ အဲဒီ့နှစ် စက်တင် ဘာ ၃၀ ရက် သျှမ်းသံတော်ဆင့် သတင်းကပဲ "မူးယစ်ရာဇာအမည်ရ ပြည်သူ့စစ်ခေါင်းဆောင် များရွေးကောက်ပွဲ ဝင်" ဆိုတဲ့ သတင်းမှာလည်း ဦးတီခွန်မြတ် ကွတ်ခိုင်ကနေ ရွေးကောက်ပွဲဝင်မယ့်အ ကြောင်း ဖော်ပြပါတယ်။ ရှမ်းပြည်နယ် မူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေတဲ့ Shan Drug Watch စာစောင်မှာ ဖော်ပြတဲ့ လွှတ်တော်တွင်း မူးယစ်ရာဇာများဆိုတဲ့ ဆောင်းပါးမှလဲ ဦးတီခွန်မြတ်အကြောင်းကို ဖော်ပြခဲ့ပါတယ်။

"လွှတ်တော် အမတ်နှစ်ဦးနဲ့ ရှမ်းမြောက်တောင်တန်း၊ မူးယစ်နယ်မြေ" ဆိုတဲ့ ဦးတီခွန်မြတ်တို့အကြောင်း ဆောင်းပါးကိုလည်း ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ (အထက်က မောင်မှန်ရေးခဲ့တဲ့ အချက်အလက်တွေကို Daily Eleven သတင်းစာက ရခဲ့တာပါ)။ ၂၇ - ၁ - ၂၀၁၆ ရက်နေ့ RFA ရေဒီယိုညပိုင်း ထုတ်လွှင့်ချက်မှာ TNLA(တအာင်း)ပလောင်အဖွဲ့ အတွင်းရေးမှူး ဦးတာဖုန်းကျော်နဲ့ တွေ့ဆုံ ခန်းပါပါတယ်။ အဲဒီမှာ ဦးတာဖုန်းကျော်က ဦးတီခွန်မြတ်တို့ ပြည်သူ့စစ်အဖွဲ့က ဘိန်းလုပ် ကြောင်း ပြောသွားပါတယ်။

အဲဒီ့သတင်းတွေ အားလုံးကို ဦးတီခွန်မြတ်က ငြင်းပါတယ်။ ငြင်းရမှာပေါ့၊ သူက ကာယကံ ရှင်ကို။ NLD က ဦးမျိုးရန်နောင်သိန်းကလည်း ရှည်ရှည်လျားလျားတွေ ရှင်းပါတယ်။ "အဲဒါတွေက အကုန်မှန်တာ မဟုတ်ဘူးဗျ၊ တစ်ချို့ သတင်းထောက်တဲ့ အခါမယ် သတင်းသမားတွေအနေနဲ့ ကျနော်မြင်တာက သတင်းသမားတွေကို ကျနော် တောင်းပန်ပါတယ်။ သတင်းသမားတွေက သတင်း တစ်ပုဒ်ကို ဖတ်လို့ကောင်းအောင် ရေးလေ့ရှီတယ်။....." သူပြောတာ တော်တော်ရှည်ပါတယ်။ မောင်မှန်  ဆုံးအောင်ဖတ်သော်လည်းပဲ သိပ်တော့ မရှင်းဘူး။

ဦးတီခွန်မြတ် မူးယစ်နဲ့ မပတ်သက်ကြောင်း ပြောတာလို့တော့ နားလည်ပါတယ်။ သတင်းသမားတွေက သတင်းကို ဖတ်လို့ကောင်း အောင် ရေးလေ့ရှိတယ်ဆိုတာတော့ တဆိတ် လွန်သွားပြီ ထင်ပါတယ်။ သတင်းသမားတွေဆိုတော့ အားလုံးကို သိမ်းကျုံးပြောလိုက်တာပဲ။ မောင်မှန်ကတော့ သတင်းသမား မဟုတ်ပါဘူး။ ဖတ်ကောင်းအောင်တော့ ရေးပါတယ်။ ဒါပေမဲ့ မဟုတ်တာတော့ မရေးပါဘူး။ မောင်မှန် တို့ရဲ့ ဦးဝင်းထိန်ကတော့ ဒီကိစ္စကို ဒီလိုပြောပါတယ်။ "သူတို့က လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဘာလို့ ငြိမ်နေကြတာလဲ၊ အခုမှ ဖော်ထုတ်တယ်ဆိုတာ ကျနော်တို့လည်း နားမလည်နိုင်တော့ဘူး။

ဒါပေမဲ့ ဂရုမစိုက်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဦးတီခွန်မြတ်က သူ့ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါသက်သေပဲ၊ အခုလာမယ့် ငါးနှစ်မှာလည်း ဒီထက်မက ထမ်းဆောင်နိုင် မယ်လို့ ကျနော် ယုံကြည်တယ်'' တဲ့။ ဝမ်းစမိုး ဘရာဗိုပါခင်ဗျာ၊ သတင်းဌာနတွေက လွန်ခဲ့တဲ့ ငါးနှစ်က တည်းက ဖော်ပြခဲ့ကြတာ ဦးဝင်းထိန် သိပုံမရပါဘူး။ ဦးတီခွန်မြတ် တာဝန်တွေ ကျေပွန်ခဲ့တာ လွန်ခဲ့ တဲ့ ငါးနှစ်ကထဲက ဘယ်ကမလဲ။ အခု ဦးဝင်းထိန်တို့ ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီး ရေးဆွဲရေး ကော်မရှင်ထဲမှာ ဦးတီခွန်မြတ်ကိုယ်တိုင် ပါဝင် တာဝန်ကျေခဲ့တာခင်ဗျာ၊ ၂၀၀၇ ခုနှစ်ကထဲကပါ။

စစ်အာဏာရှင်တွေနဲ့ နှစ်ပေါင်းများစွာ ပတ်သက်ခဲ့ပြီး ပြည်ခိုင်ဖြိုးတာဝန်တွေကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သူတစ်ယောက်ကို ထောက်ပြသူတွေက ထောက်ပြကြတာ ဦးဝင်းထိန်က ဂရုမစိုက် ဘူးဆိုလည်း မှတ်တမ်းတင်ထားရမှာပါ။ နိုင်သူက အကုန်မယူတဲ့အပြင် ပြန်တောင် အမ်းချင်ပုံ ရနေပါတယ်။ ဒါဟာ ပြည်သူ့အောင်ပွဲ ဖြစ်ပါတယ်။ တစ်ပါတီအောင်ပွဲ မဟုတ်ကြောင်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required