ထိုင်းနိုင်ငံ ဖူးခက်တွင် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါးအား ထိုင်းရဲကယ်တင်

ထိုင်းနိုင်ငံ ဖူးခက်တွင် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါးအား ထိုင်းရဲကယ်တင်

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်တွင် လူမှောင်ခိုဂိုဏ်းလက်မှ လူကုန်ကူးခံရသည့် မြန်မာ ၃၀ နီးပါးအား ထိုင်းအာဏာပိုင်များက ကယ်တင်လိုက်နိုင်ကြောင်း သည်နေးရှင်းသတင်းတွင် ဖေဖော်ဝါရီ ၁ ရက်က ဖော်ပြသည်။

ထိုင်းရဲတို့၏ ကယ်ဆယ်ရေးလုပ်ငန်းသည် ယင်းသံသယရှိ လူမှောင်ခိုသမားများလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာတစ်ဦး၏ သတင်းပေးချက်အရ ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ သံသယရှိလူမှောင်ခိုကုန်ကူးသူများသည်လည်း မြန်မာနိုင်ငံမှပင်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

"ပြည်နယ်က ဆီရေးကျွန်းမှာ လူမှောင်ခိုကူးခံလာရတဲ့ မြန်မာ ၂၉ ဦးကို ပိတ်လှောင်ထားတဲ့ နေရာကို နောက်ဆုံးမှာ ကျွန်တော်တို့ ရှာဖွေဖော်ထုတ်လိုက်နိုင်တာဖြစ်ပါတယ်။"ဟု လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဌာနမှူး ရဲမှူး ခွန်ချိုင်းက ဖေဖော်ဝါရီ ၁ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လူမှောင်ခိုကူးခံလာရသူများကို အကူအညီများ ဆက်လက်ပံ့ပိုးပေးနေကြောင်း၊ သံသယရှိ မှောင်ခိုသမားသုံးဦးအား ဖမ်းဆီးနိုင်ရေး လိုက်လံလျက်ရှိနေကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required