မက္ကဆီကိုတွင် မွေးနေ့ပါတီတစ်ခု၌ လူ ၁၁ ဦးပစ်သတ်ခံရ

မက္ကဆီကိုတွင် မွေးနေ့ပါတီတစ်ခု၌ လူ ၁၁ ဦးပစ်သတ်ခံရ

ဂူအာရေရို၊ ဖေဖော်ဝါရီ ၁ ။            ။ မက္ကဆီကို တောင်ပိုင်းတွင် မွေးနေ့ပါတီတစ်ခု၌ အနည်းဆုံးလူ ၁၁ ဦးပစ်သတ်ခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ ဇန်နဝါရီ ၂၉ က ဂူအာရေရိုပြည်နယ်တွင် ဆယ်ကျော်သက်တစ်ဦး၏ ၁၅နှစ်မြောက် မွေးနေ့ပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဟက်တာအက်စတူဒီလိုက ပြောသည်။

"၁၅နှစ်မြောက်မွေးနေ့ပါတီတစ်ခုမှာ ပြသနာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ လူ ၁၁ဦးသတ်ဖြတ်ခံခဲ့ရပါတယ်"ဟု အက်စတူဒီလိုက အေအက်ဖ်ပီသို့ ဇန်နဝါရီ ၃၁ ကပြောသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များ မပြောကြားခဲ့ပေ။ ဇန်နဝါရီ ၂၉က ဂူအာရေရိုတွင် အလောင်းခုနှစ်လောင်းကို အာဏာပိုင်များက တွေ့ရှိခဲ့ကြသည်။ အလောင်း အားလုံးတွင် နှိပ်စက်ခံရသည့်လက္ခဏာများတွေ့ရှိခဲ့ပြီး ခြေနှင့် လက်တွင် ကြိုးများတုပ်ထားကာ ဦးခေါင်းတွင် သေနတ်ကျည်ဒဏ်ရာရှိသည်။

ဂူအာရေရိုပြည်နယ်သည် မက္ကဆီကိုတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အန္တရာယ်အကြီးဆုံးပြည်နယ်တစ်ခု ဖြစ်လာသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြန်ပေးဆွဲ သတ်ဖြတ်မှုများ ဖြစ်ပွား ရာပြည်နယ်လည်းဖြစ်သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာနှင့် ဒီဇင်ဘာကြား နှစ်လအတွင်း ယင်းပြည်နယ်တွင် စုစုပေါင်းလူသတ်မှု ၃၂၄မှုဖြစ်ပွားခဲ့ရာ အားလုံးမှာ ကြိုတင်ကြံစည်မှုနှင့် မူးယစ်ဆေးဝါးမှု များဖြစ်သည်ဟု တရားဝင်ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

ဂူအာရေရိုပြည်နယ်သည် မူးယစ်ဂိုဏ်းများနှင့် ဆက်နွယ်သော ရဲတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် အီဂွာလာမြို့တွင် ၂၀၁၄ စက်တင်ဘာက ကျောင်းသား ၄၃ဦးပျောက်ဆုံးခဲ့သည့် ပြည်နယ် လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly