ဒေါ်လာဈေးဂရက်က သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲ

31 January 2016
ဒေါ်လာဈေးဂရက်က သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲ

ဒီတစ်ပါတ် 7 Mins  အစီစဉ်ကနေ တွေ့ဆုံမေးမြန်းမယ့်သူကတော့ Pro One Myanmar ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးထွေး ဖြစ်ပါတယ်ရှင့်။ အဲတာကြောင့် ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းအကြောင်းတွေကို မဇ္ဈိမသတင်းထောက် မရှုမဝအာင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- ဦးမျိုးထွေး မင်္ဂလာပါရှင့်။ ကျွန်မတို့ ဒီအစီစဉ်မှာ အရင်တုန်းကလည်း ဦးမျိုးထွေးကို အင်တာဗျုးလုပ်ခဲ့တယ်ပေါ့။ ဒါကတော့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံတာပေါ့။ ဒီဒုတိယအကြိမ် တွေ့ဆုံတဲ့အချိန်မှာ စီးပွားရေး လုပ်ငန်း အခြေနေနဲ့ သွင်းကုန် ဈေးကွက်မှာ ငွေကြေးဒေါ်လာဈေး မြင့်တက်နေတဲ့ အချိန်နေ ကျွန်မတို့ နည်းနည်းလောက် မေးချင်ပါတယ်ရှင့်။ ဟုတ်ကဲ့ အရင်ဦးဆုံးပေါ့နော်။ Pro-One  ကို စော်ဘွားကြီးကုန်းဘက်မှာ ဖွင့်ထားတာ တွေ့ရတယ်ရှင့်။ ဒီစော်ဘွားကြီးကုန်းမှာ ဖွင့်ထားတာလည်း ၂ နှစ်လောက်ရှိပြီလို့ သိရတယ်။ အခု ပုဇွန်တောင်ဘက်မှာ တိုးချဲ့တယ်။ နောက်လည်း တိုးချဲ့ဖို့ အစီစဉ်တွေ ရှိတယ်ဆိုတော့ ဒီဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေများတိုးတက်လာဖို့ ကြီးကြီးမားမား မျှော်လင့်ထားတာ ရှိလဲရှင့်။

ဖြေ-အခုတော့ အားလုံးက ကျွန်တော်တို့ နိုင်ငံခြားသား investors ကော ပြည်တွင်းလုပ်ငန်းရှင် အကုန်လုံးက အားလုံးက စီးပွားရေးကို အကောင်းမြင်ကြတယ်ပေါ့။ ဒါပေမယ် ကျွန်တော်တို့မှာ အဓိက challenge ရှိနေတဲ့ ပြဿနာက ဒေါ်လာငွေဈေးပဲပေါ့။ ဒေါ်လာဈေးက တဖြေးဖြေး တက်တက်လာတဲ့ အခါမျိုးကြတော့ ကျွန်တော်တို့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လာပြီးတော့ ဒီမှာ အခက်ခဲ ဖြစ်လာတာပေါ့။ ဆိုတော့ ကျွန်တော်တို့ ဒေါ်လာဈေးတက်တဲ့ အလျောက်ကို ကျွန်တော်တို့ ကုန်ပစ္စည်း ဈေးနှုန်းက လိုက်ပြီးတော့ တက်လို့ မရသေးဘူး ဖြစ်နေတယ်။ ဒါပေမယ့် သွင်းကုန်လုပ်ငန်းရှင်တွေကတော့ ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ ရာသီလိုက်လုပ်ရတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်တယ်။ ဒီလိုပွင့်လင်းရာသီမှာမှ တည်ဆောက်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် အားထည့်ပြီး လုပ်လို့ ရတာပေါ့နော်။ နောက် ကျွန်တော်တို့ နိုင်ငံ မိုးများရင်ဆိုတဲ့ အခါမှာ အခုလို အခြေနေမျိုးမှာမှ ဒီလို ပွင့်လင်းရာသီမှာ အားထည့်ပြီး လုပ်ဖို့တော့ ကျွန်တော်တို့က တွက်ချေကိုက်ခြင်း မကိုက်ခြင်းထက် အဓိက ကျွန်တော်တို့ ရာသီအချိန်မှာ အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ဖို့ ဆိုတာ တွက်ချေကိုက်ခြင်း မကိုက်ခြင်းထက် အဓိက လိုအပ်နေတာ အဓိကထားပြီး လုပ်တယ်။ ငွေဈေးနှုန်းတက်တဲ့အခါတော့ ကျွန်တော်တို့ သွင်းကုန်လုပ်ငန်းရှင်တွေက အဓိက အခက်ခဲတစ်ခု အားနည်းချက် တစ်ခုပါ။

မေး- ဟုတ်ကဲ့ ဒေါ်လာဈေးကလည်း တစ်ရိပ်ရိပ် မြင့်တက်လာတယ်ပေါ့နော်။ မြင့်တက်လာတဲ့အပေါ်မှာ ဦးမျိုးထွေး အခုနက ပြောသလို အကျိုးအမြတ်ကတော့ ဒုတိယပေါ့နော် လုပ်ငန်း ချဲ့ထွင်နိုင်ဖို့ ပထမ လုပ်ကိုင်နေရတဲ့ အနေထားပေါ့နော်။ အဲလိုလားရှင့်။ လွန်ခဲ့တဲ့ ၂နှစ် ဦးမျိုးထွေးလုပ်ငန်းကို စတင်လုပ်ကိုင်စဉ် အခါတုန်းက ဒေါ်လာဈေးအခြေနေနဲ့ အခုအချိန်နေနဲ့ ကွာခြားသွားတဲ့ စီးပွားရေးလုပ်ငန်း လုပ်ရတဲ့အပေါ်မှာ အဲတာလေးလည်း ပြောပြပေးပါ။

ဖြေ- ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က သွင်းကုန်ကို အဓိက မှီခိုတဲ့အခါမှာ မှီခိုရတဲ့အတွက် ဒေါ်လာဈေးနှုန်းက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးပါတယ်။ ဒေါ်လာဈေးနှုန်းတက်တော့ တက်တဲ့အမျှ ကျွန်တော်တို့ သွင်းကုန်လုပ်ငန်းရှင်တွေက ကျွန်တော်တို့ ဒီနေ့ဒေါ်လာဈေးတက်တယ်လို့ ဒေါ်လာဈေးတက် တာက နေ့တိုင်း နေ့တိုင်း တက်တယ်ပေါ့။ ကျွန်တော်တို့ ကုန်ပစ္စည်းမှာကျတော့ အဲလိုမျိုး ချက်ချင်း ဈေးတက်လို့ မရဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ ခံနိုင်တဲ့ ယူနေတဲ့ margin ထဲက လျော့ အမြတ်ယူပေါ့ တစ်ဖက်ကလည်း ဈေးနှုန်းကို adjustable လုပ်လို့ရအောင် adjust လုပ်ရတယ်ပေါ့။ adjust လုပ်ပြီးတော့ အခု ကျွန်တော်တို့က စီးပွားရေးကို vallent ဖြစ်အောင် လိုက်လုပ်တာပေါ့။ အခုန ညီမ မေးတဲ့ မေးခွန်းပေါ့။ ဒီလိုမျိုး ဒေါ်လာဈေးနှုန်း တက်နေရင်းနဲ့ကော အစ်ကိုတို့ ပြောတော့ တွက်ချေသိပ်မကိုက်ဘူးပြောတယ်။ အစ်ကိုက လုပ်ငန်းတွေ ချဲ့နေလိုက်တာ အကြီးကြီးဆို အစ်ကိုတို့လုပ်ငန်းဆိုတာ Long time Plan  နဲ့ လုပ်ရတဲ့ လုပ်ငန်းပေါ့။ အစ်ကိုတို့မှာ 5 Year Plan / 10 year Plan  အဲလို ဟာတွေနဲ့ လုပ်ရတာပေါ့။ ဘယ်ချိန်မှာ ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ အစ်ကိုတို့ Plan  ကို အကွက်မီအောင် အစ်ကိုတို့ လိုက်လုပ်ရတာပေါ့။ အခုဘယ်နေရာကိုသွားသွား လူတွေပါးစပ်ဖျားမှာ ရေပန်းအစားဆုံးကတော့ tripfit ပါပဲ။ tripfit နဲ့ ကားပါကင် ခက်ခဲတာပဲ။ အဲကောင်ရဲ့အားနည်းချက် လိုအပ်ချက်ကိုပေါ့ အစ်ကိုတို့ သွားလာရလွယ်ကူတဲ့ ပုဇွန်တောင် စစ်ဆန်း လမ်းမကြီးပေါ်မှာ နောက်ပြီး အစ်ကိုတို့ရဲ့ pro one  home center ရဲ့ standard ကိုလည်း အစ်ကိုတို့ အင်တာနေရှင်နယ် standard မီအောင် အစ်ကိုတို့ pro one  home center မှာဆိုရင် အစ်ကိုတို့ facility ကော ဒီမှာထားတဲ့ Product ရဲ့ အားလုံးကို လက်ရှိဖွင့်လှစ်ထားတဲ့ brand ထက်ကို ပိုပြီးတော့ တစ်ဆင့်မြင့်ထားပါတယ်။

မေး- ဟုတ်ကဲ့ပါရှင့် ဒီသွင်းကုန်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပေါ့နော် ကိုယ်လိုအပ်တဲ့ ပစ္စည်းကို အချိန်မီ အပြည့်အဝရောက် နိုင်ဖို့အတွက်ကော နှောင့်နှေးမှုတွေ ရှိနေလားရှင့်။

ဖြေ- အခုနောက်ပိုင်းကတော့ အဲဒီ translation အားလုံးကတော့ အားလုံးကတော့ အဆင်ပြေချောမွေ့လာပြီပေါ့။ နောက်အစ်ကိုတို့ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့တော့ အစ်ကိုတို့ပြောတဲ့စကား Supply change  ပေါ့။ ဒီ Supply change management ကို အစ်ကိုတို့က သွင်းကုန်ကို အားပြုရတဲ့အတွက် အစ်ကိုတို့က စက်ရုံကို မှာမယ်ဆိုရင် At Least One Months Half  မှာရတယ်။ At Least One Months Half  မှာရသလို အဲလိုမျိုးပဲ ဆိပ်ကမ်းကနေ ပစ္စည်းထုတ်ယူရေးကိုလည်း At Least Two week  လောက် မှန်းထားရတယ်။ အဲအတွက် ပစ္စည်းတစ်ခုကို အစ်ကိုတို့ လက်ထဲရောက်ဖို့အတွက်ဆိုရင် အစ်ကိုတို့က အနည်းဆုံး ၃လလောက် ကြိုစီစဉ်ထားမှ အစ်ကိုတို့လက်ထဲကို ရောက်တာပေါ့။ အစ်ကိုတို့ ဒီနှစ်ဆန်းမှာ ရောင်းမယ့် ပစ္စည်းတွေ ဒီနှစ်ဆန်းမှာ ရောင်းနေတဲ့ဟာတွေ အကုန်လုံးဆိုရင် အစ်ကိုတို့ ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာ လုပ်ထားတဲ့ Plan ကနေပြီးတော့ အခုရောက်နေတာပေါ့။ အစ်ကိုခုနတုန်းကပြောခဲ့ပြီးသလိုပဲ အစ်ကိုတို့ရဲ့လုပ်ငန်းဟာ ရာသီပေါ်လိုက်ပြီး လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ဒီအခြေနေရောက်ဖို့ အစ်ကိုတို့ လွန်ခဲ့တဲ့ ၃လလောက်ကတည်းက အားသွန်ခွန်စိုက် Plan  လုပ်ပြီးတော့ စီစဉ်ထားရတာပေါ့။

မေး- ဟုတ်ကဲ့ပါ ဦးမျိုးထွေးရှင့် ဒီ 7 Mins  အစီစဉ်ကနေပြီးတော့ လုပ်ငန်းလုပ်ရတဲ့ အခက်ခဲ အပိုင်းမှာပဲ ဖြစ်ဖြစ် အခြားလိုအပ်ချက် အပိုင်းမှာပဲ ဖြစ်ဖြစ် ထည့်သွင်းဖြည့်စွတ် ပြောချင်တာများ ရှိရင် ပြောပေးပါအုံးရှင်။

ဖြေ- အဓိကတော့ ညီမရဲ့ အစ်ကိုတို့ဆီမှာပေါ့နော် စပြီး တိုင်ပြည် ဖွံ့ဖြိုးပြီဆိုရင်တော့ ဒါအစ်ကိုတို့ တိုင်းပြည်မှာ တစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းပြည်တိုင်းမှာ တွေ့နေရတဲ့ လုပ်သားရှားပါးမှု နောက်လုပ်သားတွေ ကလေးတွေရဲ့ mangual ဖြစ်မှု အားနည်းတာ ဒီဟာတွေကတော့ တဖြေးဖြေး အစ်ကိုတို့က training တွေ အစ်ကိုတို့ သင်တန်းတွေ ပေးပြီးတော့ပဲ ဒါမြင့်တင်သွားရမှာပေါ့။ နောက်တစ်ချက်ကတော့ တကယ်လို့များ နိုင်ငံတော်က ဒေါ်လာငွေဈေးတည်ငြိမ်အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ သွင်းကုန် လုပ်ငန်းရှင်တွေ အနေနဲ့ကော စားသုံးတဲ့ ပြည်သူတွေ အနေနဲ့ကော အစ်ကို အခုနက ရှင်းပြပြီးသွားသလိုပါပဲ ငွေဈေးနှုန်းတက်လာတယ်။ အစ်ကိုတို့က ခံနိုင်တဲ့ အတိုင်းတာ တစ်ခုထိတော့ အစ်ကိုတို့ ခံပြီး လုပ်ပေးမှာပဲ။ မခံနိုင်တဲ့ အတိုင်းတာ လစ်မစ် တစ်ခုကျော်သွားပြီဆိုရင်တော့ အစ်ကိုတို့လည်း ဈေးနှုန်းပြောင်းလဲပြီးတော့ လုပ်ရမှာ ဖြစ်တယ်။ အဲအတွက် အစ်ကိုတို့ကတော့ ငွေဈေးနှုန်းကို တည်ငြိမ်စေချင်ပါတယ် ခင်ဗျ။ ဒါတော့ အစ်ကိုတစ်ယောက်တည်း မဟုတ်ပါဘူး လုပ်ငန်းရှင်အားလုံးက တည်ငြိမ်တဲ့ ငွေဈေးနှုန်းကို မျှော်လင့်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly