မက်ဆီနှင့် စီရော်နယ်ဒိုတို့ နှစ်ဦးပေါင်းသွင်းဂိုး ဂိုးတစ်ထောင် ပြည့်မြောက်

မက်ဆီနှင့် စီရော်နယ်ဒိုတို့ နှစ်ဦးပေါင်းသွင်းဂိုး ဂိုးတစ်ထောင် ပြည့်မြောက်

စပိန်၊ ဇန်နဝါရီ ၃၁ ။          ။ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မက်ဆီသည် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် မက်ဆီနှင့်စီရော်နယ်ဒိုတို့   နှစ်ဦးပေါင်းသွင်းဂိုးမှာ ဂိုးတစ်ထောင်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

မက်ဆီနှင့်စီရော်နယ်ဒိုတို့သည် ပြီးခဲ့သည့် ရာသီခြောက်ခုအတွင်း ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးသော ဂိုးသွင်းနှုန်းများဖြင့် အပြိုင်အဆိုင်ဂိုးများသွင်းယူခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ပွဲပေါင်း ၁,၃၈၅ ပွဲတွင် ဂိုး ၁,၀၀၀ သွင်းယူခဲ့ကြခြင်း ဖြစ်သည်။

မက်ဆီသည် ၎င်း၏ကစားသမားဘဝတစ်လျှောက်တွင် ပွဲပေါင်း ၆၁၂ ပွဲကစားခဲ့ရာတွင် ဂိုးပေါင်း ၄၈၂ ဂိုးသွင်းယူထားသည်။ ထိုသွင်းဂိုးများတွင် ပင်နယ်တီသွင်းဂိုး ၆၁ ဂိုး၊ ပြစ်ဒဏ်ဘောမှ ၂၃ ဂိုးသွင်းယူခဲ့ပြီး ဟက်ထရစ် ၃၆ ကြိမ် ရှိခဲ့သည်။

စီရော်နယ်ဒိုမှာမူ ပွဲပေါင်း ၆၅၀ တွင် ၅၁၈ ဂိုးသွင်းယူထားသည်။ ပင်နယ်တီသွင်းဂိုး ၈၄ ဂိုး၊ ပြစ်ဒဏ်ဘောမှ ၄၆ ဂိုးသွင်းယူခဲ့ပြီး ဟက်ထရစ် ၃၈ ကြိမ် ရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required