အမေရိကန်နောက်ခံလူ မီယက်ဇ်ဂါကို ချယ်လ်ဆီးအသင်းခေါ်ယူ

အမေရိကန်နောက်ခံလူ မီယက်ဇ်ဂါကို ချယ်လ်ဆီးအသင်းခေါ်ယူ

ဇန်နဝါရီ ၃၁၊ လန်ဒန်။            ။ နယူးယော့ခ်ရက်ဒ်ဘူးလ်အသင်းမှ မတ်မီယက်ဇ်ဂါကို လေးနှစ်ခွဲစာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဟု ချယ်လ်ဆီးအသင်းက အတည်ပြုကြေညာသည်။

အသက် ၂၀ အရွယ်ရှိ အမေရိကန်နောက်ခံလူသည် ပြီးခဲ့သည့်နှစ်က မေဂျာလိဂ်တွင်အဆင့် ၁ ရခဲ့သော နယူးယော့ခ်အသင်း၌ ပုံမှန်ပွဲထွက် ကစားခွင့်ရခဲ့သူဖြစ်သည်။

၎င်းသည် ရာသီကုန်ထိအငှားဖြင့်ရောက်လာခဲ့သည့် ဘရာဇီးတိုက်စစ်မှူး ပါတိုပြီးနောက် ချယ်လ်ဆီးအသင်း ဒုတိယမြောက်ခေါ်ယူသည့် ကစားသမားလည်းဖြစ်လာခဲ့သည်။

"ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်အတွက်တော့ ကစားသမားဘဝတိုးတက်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ချို့ဆီက သင်ယူရမယ့်နေရာဖြစ်ပါတယ်"ဟု မီယက်ဇ်ဂါကပြောသည်။

၎င်းသည် နယူးယော့ခ်အသင်းနှင့်သုံးနှစ်တာအတွင်း မေဂျာလိဂ်ပွဲ ၃၄ ပွဲကစားခွင့်ရခဲ့ပြီး ယမန်နှစ်မေလက ဒါဘီပြိုင်ဘက် နယူးယော့ခ်စီးတီး နှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည်။

နယူးဂျာစီမြို့သား မီယက်ဇ်ဂါသည် ပြီးခဲ့သည့်နိုဝင်ဘာလက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စိန့်ဗင်ဆင်တီနှင့်ပွဲတွင် အမေရိကန်လက်ရွေးစင် အဖြစ်တစ်ပွဲပါဝင်ကစားခွင့်ရခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly