၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံသစ် အန်ဂျလီကေး ကာဘာ

၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံသစ် အန်ဂျလီကေး ကာဘာ

ယနေ့ (ဇန်နဝါရီ ၃၀) ၂၀၁၆ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး (တစ်ဦးချင်း) ဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ ကမ္ဘာ့အဆင့် (၁) ဆရီနာ ဝီလျံ (အမေရိကန်) နှင့် ကမ္ဘာ့အဆင့် (၇) အန်ဂျလီကေး ကာဘာ (ဂျာမနီ) တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အန်ဂျလီကေး ကာဘာ က ၆-၄၊ ၃-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့တာကြောင့် သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံ အသစ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ကာဘာဟာ ယခုနိုင်ပွဲကြောင့် WTA သတ်မှတ်မှုရဲ့ ကမ္ဘာ့အဆင့် (၂) နေရာကို ရရှိလာပါတယ်။

ပွဲပြီး တွေ့ဆုံမေးမြန်းမှုမှာ "ကျမရဲ့ အိမ်မက်တွေက ဒီနေ့မှာ တကယ်ဖြစ်လာပါပြီ" လို့ ကာဘာ ကပြောပါတယ်။

"ဒီသြစတြေးလျအိုးပင်းပြိုင်ပွဲမှာ အန်ဂျလီဟာ အကောင်းဆုံး ကစားသမားဖြစ်တယ်။ သူဟာ ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့ သူပါ။ သူကိုလဲ ဂုဏ်ပြုပါတယ်" လို့ ဆရီနာ ဝီလျံက ပြောပါတယ်။

၂၀၀၅ ခုနှစ် သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံရယူခဲ့တဲ့ ဆရီနာ ဝီလျံဟာလည်း ကမ္ဘာ့အဆင့် (၇) ဖြစ်ခဲ့ပါတယ်။ ဂျာမနီတို့အတွက် အန်ဂျလီကေး ကာဘာဟာ ၂၂ နှစ်ကြာပြီးမှ သြစတြေးလျအိုးပင်းရဲ့ အမျိုးသမီး ချန်ပီယံဖြစ်လာတာပါ။ နောက်ဆုံးရယူခဲ့သူကတော့ ၁၉၉၄ က Steffi Graf ဖြစ်ပါတယ်။

သြစတြေးလျအိုးပင်း ဖိုင်နယ်ပွဲစဉ်အတွင်း ဆရီနာ ဝီလျံနဲ့ အန်ဂျလီကေး ကာဘာတို့ရဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)‪#‎AusOpen‬

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly