ဂရိ ဝန်ကြီး၏ နေအိမ်အပြင်ဘက်တွင် ဓါတ်ဆီဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်မှု ဖြစ်ပွား

ဂရိ ဝန်ကြီး၏ နေအိမ်အပြင်ဘက်တွင် ဓါတ်ဆီဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်မှု ဖြစ်ပွား

ဂရိနိုင်ငံ အေသင်မြို့လယ်ရှိ အစိုးရ ဝန်ကြီးတစ်ဦး၏ နေအိမ် အပြင်ဘက်သို့ အမည်မသိ လူအုပ်စုတစ်စုက ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက ဓါတ်ဆီဗုံးများကို ပစ်သွင်းတိုက်ခိုက်ခဲ့ရာ နေအိမ်ပြင်ပတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေးခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ရဲများက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဂရိ ဝန်ကြီးချုပ်၏ ထိပ်တန်း အကြံပေးဖြစ်သော ပြည်နယ်ဝန်ကြီး အလက်စ်ကို ဖလာဘာရာရစ်၏ နေအိမ်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက   ပြောသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်ပြင်ပတွင် ရပ်ထားသည့် ဝန်ကြီး၏ လုံခြုံရေးအဖွဲ့ပိုင် ကားတစ်စီး မီးလောင်သွားခဲ့ပြီး အခြားကားတစ်စီးလည်း အကြီးအကျယ် ပျက်စီးသွားသည်ဟု တာဝန်ရှိသူများက ပြောသည်။

ယခု တိုက်ခိုက်မှုကို အာဏာရ ဂရိလက်ဝဲပါတီက ပြစ်တင်ပြောကြားသွားပြီး ယင်းအဖြစ် အပျက်က နိုင်ငံ၏ ဒီမိုကရေစီကို ထိခိုက်စေမည်မဟုတ်ဟု ပြောဆိုသွားသည်။

နိုင်ငံရေး အကြမ်းဖက်မှု သမိုင်းကြောင်းရှည် ရှိထားသည့် ဂရိနိုင်ငံတွင်မူ ထိုကဲ့သို့ နိုင်ငံရေးသ မားများ၊ ဘဏ်များနှင့် စီးပွားရေး သမားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့ သို့ ဖြစ်နေခဲ့သည်။

နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာများကို ဖြေရှင်းရန် ဥရောပသမဂ္ဂနှင့် နိုင်ငံတ ကာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့ထံမှ ငွေကြေး ကူညီကယ်ဆယ်မည့် အစီအစဉ်များအတွက် နိုင်ငံတွင် လူကြိုက်မများသော မူဝါဒ လုပ်ဆောင်ချက်များ စတင် ကျင့်သုံးခဲ့ချိန်မှစပြီး အထက်ပါကဲ့သို့ တိုက်ခိုက်မှုများသည် အရှိန်မြင့်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required