ဘရာဇီးတိုက်စစ်မှူးပါတို ချယ်လ်ဆီးသို့ တရားဝင်ရောက်ရှိ

ဘရာဇီးတိုက်စစ်မှူးပါတို ချယ်လ်ဆီးသို့ တရားဝင်ရောက်ရှိ

လန်ဒန်၊ ဇန်နဝါရီ ၃၀ ။             ။ ဆာအိုပေါ်လိုအသင်းမှ ဘရာဇီးတိုက်စစ်မှူး အလက်ဇန်ဒရီပါတိုသည် ချယ်လ်ဆီးအသင်းသို့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်သည်။  ချယ်လ်ဆီးအသင်းက ပါတိုကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းဂျာစီဖြင့် ဓာတ်ပုံရိုက်ပြီးနောက်တွင် ပါတိုက 'ချယ်လ်ဆီးအသင်းနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့လို့ အလွန်ပျော်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ပါအိပ်မက်ပါပဲ။

ချယ်လ်ဆီးအသင်းရဲ့ ထောက်ခံအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေရဲ့ သစ္စာထားမှုအတွက် ပြန်လည်ပေးဆပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံပြီး ပွဲကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး' ဟု ပြောသည်။

ချယ်လ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်ကလည်း ပါတိုကို ခေါ်ယူခဲ့ခြင်းမှာ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ပြောသည်။

ပါတိုသည် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၇ ပွဲ ကစားခွင့်ရထားပြီး ၁၀ ဂိုးသွင်းယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly