ကျူပီအာကွင်းလယ်လူ ဆန်ဒရိုကို ဝက်စ်ဘရွန်းခေါ်ယူ

ကျူပီအာကွင်းလယ်လူ ဆန်ဒရိုကို ဝက်စ်ဘရွန်းခေါ်ယူ

အင်္ဂလန်၊ ဇန်နဝါရီ ၃၀။   ။ ဝက်စ်ဘရွန်းအသင်းသည် ကျူပီအာအသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ဆန်ဒရိုကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ စာချုပ်သက်တမ်းမှာ ရာသီကုန်အထိဖြစ်ပြီး ဆန်ဒရို၏ခြေစွမ်းအပေါ်မူတည်၍ အပြီးသတ်စာချုပ်အတွက် ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဆန်ဒရိုမှာ ယခုနှစ်ရာသီတွင် ကျူပီအာအသင်းအတွက် ၁၁ ပွဲသာ ပွဲထွက် ကစားခွင့်ရရှိထားသည်။ သို့သော် ဆန်ဒရိုကို ခေါ်ယူနိုင်သည့်အတွက် ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်မှာ ဝမ်းမြောက်လျက်ရှိသည်။

'အသင်းကို အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး ခေါ်ယူနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ လက်ရှိအသင်းမှာ ဒဏ်ရာရကစားသမားအချို့ရှိနေတာကြောင့် အခုလိုအသင်းကို ပြန်လည်အားဖြည့်နိုင်လို့   ကျေနပ်မိပါတယ်။ ဆန်ဒရိုဟာ ကစားသမားကောင်းတစ်ဦးဖြစ်လို့ အသင်းကို ကောင်းမွန်တဲ့ အားဖြည့်ပေါင်းစပ်မှု ဖြစ်လာပါလိ့မ်မယ်' ဟု တိုနီပူးလစ်က ပြောသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆန်ဒရိုသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စပါးအသင်းတွင် ကစားခဲ့ပြီးနောက် ကျူပီအာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ကျူပီအာအသင်းနှင့်အတူ ချန်ပီယံလိဂ်သို့ ဆင်းကစားနေခဲ့ပြီး ယခု ပရီးမီးယားလိဂ်တွင် ပြန်လည်ကစားခွင့်ရတော့မည် ဖြစ်သည့်အတွက် ဆန်ဒရိုမှာ ဝမ်းမြောက်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly